ဆိုးလ် မတ် ၂၂
ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ နယ်စပ်ရှိ ကေဆောင်းမြို့တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပူးပေါင်း ဖွင့်လှစ်ထားသော နှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးမှ မြောက်ကိုရီးယားနိုင်ငံ နုတ်ထွက်လိုက်ကြောင်း မတ်လ ၂၂တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကနဦးထုတ်ပြန်ချက်ကို တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဘက်မှ ထုတ်ပြန်ခဲ့ပြီးနောက် မြောက်ကိုရီးယားပြန်ကြားရေးဘက်မှလည်း နုတ်ထွက်လိုက်သည်မှာ မှန်ကန်ကြောင်း တန်ပြန်သတင်းထုတ်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့ နှုတ်ထွက်မည့် သတင်းကို မတ်လ ၂၂ရက်နေ့ နံနက်ပိုင်းတွင် တောင်ကိုရီးယား ပူးတွဲဆက်ဆံရေးရုံးသို့ ကိုယ်စားလှယ်များဖြင့်သွားရောက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပူးတွဲရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မြောက်ကိုရီးယားဘက်မှ အရာရှိများအားလုံးကိုလည်း မြောက်ကိုရီးယားနိုင်ငံဘက်မှ ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထိုသို့ မြောက်ကိုရီးယား၏ ရုတ်တရက် နှုတ်ထွက်လိုက်ခြင်းသည် တောင်နှင့် မြောက် နှစ်နိုင်ငံခြား ခဲခဲယဉ်းယဉ်း ပြန်လည်တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်အတွက ်စိုးရိမ်ရကြောင်း လေ့လာသူများက သုံးသပ်သည်။
အဆိုပါ ဆက်ဆံရေးရုံးအား တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) တို့ ၂၀၁၈ ခုနှစ် ဧပြီလက ငြိမ်းချမ်းရေးကျေးရွာ ပန်မွန်ဂျုံတွင် ပထမအကြိမ် ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်အား အကောင်အထည်ဖော်ရန် စက်တင်ဘာလက ကေဆောင်းမြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထိုရုံးဖွင့်အပြီး တစ်ပတ်အကြာတွင် မြောက်ကိုရီးယားနိုင်ငံဘက်မှ နျူလက်နက်စမ်းသပ်သည့် စက်ရုံကိုလည်း အပြီးတိုင် ပိတ်သိမ်းလိုက်ကြောင်း ကြေငြာခဲ့သည်။
Bangkok Post