Advertisements

မော်လမြိုင်၊ သြဂုတ်

မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ တောင်ရိုးတန်းလမ်းရှိ နေအိမ်အချို့ကို နေအိမ်အဆောက်အဦး အာမခံ လျှောက်တင်ထားရာ အာမခံကုမ္ပဏီက လက်မခံတော့ဘဲပယ်ဖျက်လိုက်ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူ ဒေါ်ခတ္တာအောင်က ပြောသည်။

တောင်ရိုးတန်းရှိ သာသနာ ၂၅ဝဝ ကျောင်းဝင်းအတွင်း တောင်စောင်းတွင် ဆောက်လုပ်နေသော အဆောက်အဦ လုပ်ငန်းခွင်အတွင်းမှ မြေသားများပြိုကျပြီး နေအိမ်အတွင်း ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ၂ဝ၁၈ ခုနှစ်က အာမခံကုမ္ပဏီတစ်ခု၌ နေအိမ်အဆောက်အဦ အာမခံလျှောက်တင်ထားမှုကို ယခုအချိန်တွင် အာမခံကုမ္ပဏီက လက်မခံတော့ဘဲ ပယ်ဖျက်လိုက်ကြောင်း ဒေါ်ခတ္တာအောင်က ပြောသည်။

Advertisements
data-language="en"

“ကုမ္ပဏီနာမည်ကိုတော့ ကျွန်မမပြောချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို သွားပြီးထိခိုက်နစ်နာတာတွေ ဖြစ်နေမယ်။ ပြီးခဲ့နှစ်ကတော့ နေအိမ်အာမခံပေးတယ်။ ဒီနှစ်ကျကျွန်မဆီ စာဆက်မပို့တော့ဘူး။ မနှစ်ကပြိုထား တဲ့အပေါ်သူတို့ (အာမခံကုမ္ပဏီ) က လာကြည့်တဲ့အပေါ်မှာ ဒီတာပြိုမှာ သိသိကြီးနဲ့ အာမခံ လုပ်ပေးလိုက်တဲ့ လူအပေါ်မှာ စိတ်ဆိုးတယ်။ ကျွန်မကလည်း အဲဒီဝန်ထမ်းတွေကို မထိခိုက်မနစ်နာ စေချင်ဘူး” ဟု ဒေါ်ခတ္တာအောင်က ပြောသည်။

စစ်ကဲကုန်းရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ ဒေါ်ခတ္တာအောင် နေအိမ်တွင် သြဂုတ်လ ၂၆ ရက်နေ့က သာသနာ ၂၅ဝဝ ဘုန်းကြီးကျောင်းဆောင်အသစ်လုပ်ငန်းခွင်အတွင်း တူးဖော်ထားသည့် မြေသားများ ပြိုကျကာ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ တောင်မြေများ ဆက်လက်ပြိုကျမည်ကို စိုးရိမ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ရပ်ကွက်ဒေသခံပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့သည်။

တောင်မြေပြိုကျမည်ကိုစိုးရိမ်သဖြင့် ယင်းအဆောက်အဦလုပ်ငန်းခွင်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ထံ ဒုတိယအကြိမ် စာတင်ထားရှိပြီးလက်ရှိအချိန်တွင် သာသနာ ၂၅ဝဝ ကျောင်းဆောင်အသစ်လုပ်ငန်းခွင်ရှိ မြေတူးဖော်နေမှုကို ဆက်လက်မလုပ်ဆောင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တားမြစ်အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ခေတ်မင်း

Leave a Reply