Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

မွန်ပြည်နယ်အတွင်း တောရုင်းတိရစ္ဆာန်ထွက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ သယ်ဆောင်ခြင်းများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းမော်လမြိုင်သထုံခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

“တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းဆိုတာက သားရေတို့၊ အရိုးတို့၊ အစွယ်တို့ ပါတယ်။ ဥပမာ ဆင်ကို ပစ်တယ်။ အသားကို စားတာမဟုတ်ဘူး။ အရေခွံကို ယူတယ်။ အစွယ်တွေကို ယူတယ်။ တချို့တော့ကြားဖူးတယ်။ ဆင်တစ်ကောင်လုံးကို အရေခွံတွေခွာယူပြီး အစွယ်တွေကို ထုတ်ယူပြီးတော့ တစ်ကောင်လုံးကို ဒီအတိုင်းပစ်ထားတယ်။ အရေခွံနဲ့ အစွယ်တွေကိုယူသွားတယ်”ဟု ဦးမြင့်အောင်က ပြောသည်။

မျိုးသုဉ်းအန္တရာယ်မှ ကာကွယ်ရန် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များနှင့်ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝအပင်များကာကွယ်ရေး ဥပဒေအရ ခွဲခြားသတ်မှတ်ထားသည်။

သယ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများ တွေ့ရှိပါက တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့်သဘာဝအပင်များကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်အောင်က ဆိုသည်။

“ဒါတွေက အစိတ်ပိုင်းတွေက အစ သယ်ဆောင်လို့လည်းမရဘူး။ ရောင်းလို့လည်း မရဘူး။ အစိတ်အပိုင်းတွေတောင်မှ သယ်ဆောင်လို့မရဘူးဆိုရင်တော့ သတ်တဲ့အဆင့်က လုံးဝကို လုပ်လို့မရဘူး။ ဒါတွေက သူ့ဟာနဲ့သူ တောထဲမှာ ကျင်လည်ကျက်စားနေတယ်။ ဖမ်းမိမယ်ဆိုရင် ဥပဒေအရ ကျွန်တော်တို့အရေးယူဆောင်ရွက်သွားမယ်။ တရားစွဲသွားမယ်”ဟု ဦးမြင့်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ မွန်ပြည်နယ်တွင် တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်းများနှင့် ပတ်သက်၍ ဆင်သားရေခြောက် သယ်ဆောင်လာသူတစ်ဦးကို ထောင်ဒဏ်၆ လ ချမှတ်ခဲ့သည်။

Written by -ရွှေရိုး

Advertisements
<

Leave a Reply