Advertisements

ချောင်းဆုံ ဖေဖော်ဝါရီ ၇

ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု တော်ပကောက်ကွင်းတွင် ဘီလူးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်နှင့် စီလီဘုကုမ္ပဏီ(မလေးရှား)တို့ဖက်စပ်လုပ်ကိုင်နေသည့်ပုဇွန်စမ်းသပ်မွေးမြူရေး လုပ်ငန်း အောင် မြင်သည့်အတွက် တိုးချဲ့လုပ်ကိုင်သွားရန်ရှိကြောင်းသိရသည်။

“၂၀၁၈ ခုနှစ် မတ်၊ ဧပြီလလောက်မှာ ဂဏာန်းနဲ့ ၊ ပုဇွန်တွေစမ်းသပ်မွေးမြူနိုင်ဖို့ လုပ်ငန်းလုပ်ကွက်တွေစတင် အကောင်အထည်ဖော်ဆောင်ရွက်ဖြစ်ခဲ့တယ် ၊ လက်ရှိအခြေအနေမှာ ဧက ၂၀ အတွင်းမှာ ကန် ၆ ကန်တူး ဖော်ပြီး ပုဇွန်းစမ်းသပ်မွေးမြူရာမှာအောင်မြင်မှုတွေရှိတဲ့အတွက် ကုမ္ပဏီကဝယ်ယူထားပြီးဖြစ်တဲ့ ဧက ၂၀၀ လုံးကိုလုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်သွားမယ်”ဟု ဘီလူးကျွန်းဒေသဖွံ့ဖြိုးတက်ရေး ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးတင်ထွဋ်ကဆိုသည်။

Advertisements
data-language="en"

စမ်းသပ်မွေးမြူထားသော ပုဇွန်များကို ယခုရက်များတွင် ဖမ်းယူပြီးဈေးကွက်သို့တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း ၊ ၂ ဧကကျော်ရှိကန်တစ်ကန်ကို ပုဇွန် အလေးချိန် ၄ တန်ခွဲ ၅ တန်ထိရရှိခဲ့ကြောင်း ဦးတင်ထွဋ်ကဆိုသည်။

“ပုဇွန်မွေးမြူတဲ့နည်းပညာရှင်က အိန္ဒယကပညာရှင်ဖြစ်တယ်။ နောက်ပိုင်းမှာ ကဏန်း ၊ ပုဇွန်သားဖောက်တဲ့လုပ် ငန်းတွေကို ပါ လုပ်ကိုင်သွားဖို့ရှိတယ် ။ တစ်ပိုင်တစ်နိုင်မွေးမြူချင်တဲ့သူတွေကိုလည်းနည်းပညာနဲ့ ကဏန်း၊ပုဇွန် မျိုးတွေဖြန့်ဖြူး ရောင်းချပေးသွားမယ်”ဟု အဆိုပါကုမ္ပဏမှ ဦးစိုးသိန်းအောင်က ပြောသည်။

ယခုအခါ ပုဇွန်များကို ရန်ကုန်နှင့် မော်လမြိုင်ဈေးကွက်သို့တင်ပို့ရောင်းချနေကြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၀,၅၀၀ ရရှိကြောင်း၎င်းကဆက်လက်ပြောသည်။
ချောင်းမြောင်းများတွင် သဘာဝအလျောက် ရှိနေသည့် ငါး ၊ ပုဇွန်များကိုရှာဖွေစားသောက်နေခြင်းထက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ငါး ၊ ပုဇွန်များကိုလည်းတစ်ပိုင်တစ်နိုင်မွေးမြူကြရန် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက တိုက်တွန်းစကားဆို၏။

လိုအပ် သောနည်းပညာများကိုလည်းဌာနက တတ်နိုင်သရွေ့ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဌာနတာဝန်ရှိသူက ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply