Advertisements

မော်လမြိုင်၊ မတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မြို့သစ် ၂ ရပ်ကွက်ရှိ တော်ဝင်ရိုးကုမ္ပဏီပိုင် ကျောက်ခွဲစက်ကြီးကို ရွှေ့ပြောင်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွန်ကြားထားခြင်းမရှိကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ပြည်ထောင်စုအစိုးရကနေပြီးတော့ ကျောက်ခွဲစက်ကို ရွှေ့ပါလို့ ပြည်နယ်အစိုးရကို အကြောင်းကြားတဲ့စာ မရှိဘူး။ တွေ့ရင်လည်း ထွေအုပ်ဆီ အရင်ဝင်မာှပေါ့။ သက်တမ်းတိုလုပ်ခွင့် ပြန်လျှောက်တဲ့အခါကျရင် ကတ်ဘိနက်အစည်းအဝေးမှ ဆုံးဖြတ်ရမယ်။ ကွဲလွဲမှုတော့ ရှိနေတယ်” ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

Advertisements
data-language="en"

ပြီးခဲ့သည့်၂၀၁၇ ခုနှစ်အတွင်းက ကျောက်ထုတ်လုပ်ရေးစခန်းမှ ကျောက်တုံးကြီးများကြိတ်ခွဲနေသည့်အသံဆူညံမှုများ၊ ကျောက်မှုန်များ ပြန့်လွင့်ပြီး ပတ်ဝန်းကျင်ရှိ အဆောက်အဦများ ညစ်ညစ်မှုများအပြင် လျှပ်စစ်ဓာတ်အားလိုင်းတွင် ကျောက်မှုန်များ ကပ်ငြိပြီး ဓာတ်အားစနစ်ကို ထိခိုက်စေနိုင်သည့်အတွက် တိုင်ကြားချက်များကြောင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု EMPအစီအရင်ခံစာ ရေးဆွဲပြီး ခွင့်ပြုချက်ရယူခဲ့ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

တော်ဝင်ရိုးမ ကုမ္ပဏီပိုင် ယင်းကျောက်ခွဲစက်နှင့် ပတ်သက်၍ နယ်မြေအတွင်း လူနှင့် ပတ်ဝန်းကျင် ထိခိုက်နေမှုများကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မော်လမြိုင်မြို့ မြန်မာပြည်တောင်ဝိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် ဒေသခံရဟန်းရှင်လူများက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ယမန်နှစ် ဇူလိုင်လက နေပြည်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက ယင်းကျောက်ကွဲစက်မှ ထွက်ရှိလာသည့်ကျောက်မှုန်များကြောင့် ဒေသအတွင်း လူနှင့် ပတ်ဝန်းကျင်ရှိ သီးပင်စားပင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကြယ်ပွင့်ပြမေးခွန်အဖြစ် မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျောက်ထုတ်လုပ်မှုကို စစ်ဆေးမှုများ ပြုလုပ်ကာ ယာယီပိတ်သိမ်းရန်နှင့် ပြောင်းရွှေ့ရန် ညွန်ကြားထားကြောင်း ဖြေကြားထားသည်ဟု သိရသည်။

ယင်းသို့ ကျောက်ခွဲစက်ပြန်လည် လည်ပတ်ခွင့်ကို မွန်ပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့က ထပ်မံခွင့်ပြုခဲ့ကြောင်း ဒေသခံဆရာတော် ဦးကေလာသက သတင်းစာရှင်းလင်းပွဲတွင် မိန့်သည်။

နစ်နာမှုကြုံတွေ့ရသည့်ဒေသခံများအနေဖြင့် ၎င်းကျောက်ခွဲစက် ပြောင်းရွှေ့ပေးရေးအတွက် နေပြည်တော်ရှိ သက်ဆိုင်ရာဌာနအဆင်ဆင့်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားသွားရန်ရှိကြောင်း နယ်မြေခံ ဦးတင်ဦးက ပြောခဲ့သည်။

Written by ခင်နန်းဌေး

Leave a Reply