တေးသံရှင် ဘီလီလမင်းအေးကပထမဆုံးတစ်ကိုယ်တော်အခွေကို မတ်လ ၃၁ ရက်နေ့တွင် ဖြန့်ချိမှာဖြစ်ကြောင်း

Myanmar Idol Season 2 ပြိုင်ပွဲတွင် First Runner Upဆု ရရှိခဲ့တဲ့ တေးသံရှင် ဘီလီလမင်းအေးကပထမဆုံးတစ်ကိုယ်တော်အခွေကို မတ်လ ၃၁ ရက်နေ့တွင် ဖြန့်ချိမှာဖြစ်ကြောင်းပြောသည်။

“ဖူးကပြိုင်ပွဲကနေတက်လာတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဖူးရဲ့အတွေ့အကြုံအရတစ်ပတ်နဲ့တစ်ပတ် သီချင်းပုံစံပြောင်းသွားတဲ့အပေါ်မှာ ဖူးကို အားပေးတဲ့ပရိသတ်တွေက မတူခဲ့ဘူး။ အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာ ဖူးကိုအားပေးနေတဲ့ပရိသတ်ကြီးတွေကလည်း ဖူးရဲ့အခွေမှာပုံစံမတူ၊ ရသမတူတာကိုခံစားချင်ကြမယ်လို့ ထင်တာကြောင့် ပုံစံမျိုးစုံထည့်ထားပါတယ်။ Rock သီချင်းတွေလည်းပါမယ်။

သီချင်းအေးအေးလေးတွေ၊ မြူးမြူးလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ သီချင်းပုံစံလေးတွေ အများကြီးထည့်ထားပါတယ်။

ဒီခွေမှာဖူးကသီချင်းအဟောင်းတွေလည်းပြန်ဆိုထားတယ်။ ကော်ပီသီချင်းက တစ်ပုဒ်ပါပါတယ်။ ကျန်တဲ့သီချင်းတွေကတော့ ကိုယ်ပိုင်သီချင်းတွေချည်းပါပဲ။ သီချင်းအဟောင်းကတော့ အရင်တုန်းက ကိုဆောင်းဦးလှိုင်ဆိုထားတဲ့ “ကန္တာရကမ္ဘာ”သီချင်းနဲ့ မယုဇနတို့ ဆိုထားတဲ့

“ဖြည်းဖြည်းပေါ့ သီချင်းတို့ကို Version ပြောင်းပြီး ပြန်ဆိုထားတာပါ ဟု ဘီလီလမင်းအေးကပြောသည်။ ယင်းတေးစီးရီးတွင် သီချင်း ၁၃ပုဒ်ပါဝင်ကာ ရသမျိုးစုံခံစားနိုင်ရန် ပုံစံမျိုးစုံလည်း သီဆိုထားကြောင်း ပရိုမိုးရှင်းပွဲကို မတ်လ ၃ရက်နေ့တွင် ရန်ကုန်မြို့ ဂျန်းရှင်းစီးတီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပရိသတ်အတွက် Surprise အစီအစဉ်တွေများလည်းရှိကြောင်း သိရသည်။

ဖူးအနေနဲ့ ဒီခွေကို Myanmar idol ပြိုင်ပွဲပြီးကတည်းက ပြင်ဆင်နေတာဆိုတော့ အချိန်ကာလအားဖြင့် တစ်နှစ်နီးပါးလောက်ကြာသွားတာပေါ့နော်။ နောက်တစ်ခုက သီချင်းရွေးချယ်မှုအပိုင်းမှာလည်း Vocal Coach ဖြစ်တဲ့ အန်တီ ထရေစီနဲ့ ဆရာဥက္ကာဦးသာကနေဖူးကို အများကြီးကူညီပေးခဲ့ယောက်ဖြစ်တော့ ဖူးနဲ့သက်ဆိုင်တဲ့ “အရှုံးမပေးတဲ့ဝိညာဉ်” သီချင်းကို Title အနေနဲ့ ပေးဖြစ်တာတယ်။

သီချင်းဆိုတာက နားထောင်တာများမှ စိန်ခေါ်မှုတွေ အများကြီးနဲ့ တက်လာခဲ့တဲ့ လူတစ်ပေါ့နော်။ “အရှုံးမပေးတဲ့ ဝိညာဉ် သီချင်းက ဖူးရဲ့ဘဝနဲ့လည်း အများကြီးဆိုင်တယ်။ ဘဝမှာ တိုက်ခိုက်မှုတွေလည်း အများကြီးကြုံခဲ့ရပါတယ်။ ”ဟု ဘီလီလမင်းအေးကပြောသည်။

ခင်ပြည့်စုံဟန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.