တေးအယ်လ်ဘမ်အသစ်ထုတ်တော့မဲ့ မင်းသားကြီး ဂျက်ကီချမ်း

ဟောင်ကောင်၊ ဧပြီ ၁၄

တရုတ် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ လတ်တလော မှာတော့ သူ့ရဲ့တေးအယ်လ်ဘမ်သစ် ကို ထုတ်လွှင့်ဖြန့်ချိဖို့ရာ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းတေး အယ်လ်ဘမ်သစ်ဟာ ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ထုတ်လုပ်တဲ့ တေးအယ်လ် ဘမ်ဖြစ်ပြီး လာမယ့် သြဂုတ်လ အတွင်း စတင်ဖြန့်ချိသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

မကြာသေးမီက ဘေဂျင်းမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဂျက်ကီချန်းက သူဟာ တေး အယ်လ်ဘမ်သစ်အတွက် အချိန် သုံးနှစ်ကြာ ပြင်ဆင်ခဲ့ရတာ ဖြစ်ကြောင်းနဲ့ ဒီလို အချိန် အတော်ကြာ ပြင်ဆင်ခဲ့ရတာဟာ သူ့ရဲ့များပြားလွန်းတဲ့ အနုပညာ လှုပ်ရှားမှုတွေကြောင့် ကြန့်ကြာခဲ့ရ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဂျက်ကီချန်းက ယင်းတေး အယ်လ်ဘမ်ဟာ လက်ရှိမှာတော့ ထုတ်လွှင့်ဖို့ရာ အဆင်သင့်ဖြစ်နေပြီ လို့လည်း ပြောကြားခဲ့ပါတယ်။

တေးအယ်လ်ဘမ်သစ်ရဲ့ ပြင်ဆင်မှု နဲ့ပတ်သက်ပြီးလည်း ဂျက်ကီချန်းက အနုပညာအသိုင်းအဝိုင်းမှ ကျွမ်းကျင် သူများစွာကို ဖိတ်ကြားကာ တေး အယ်လ်ဘမ်သစ်ရဲ့ သီချင်းတွေကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတေးအယ်လ်ဘမ်မှာ ဂျက်ကီချန်းက တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ သူ့ရဲ့ သားဖြစ်သူ ဂျေစီးကို တေးဂီတ ဒါရိုက်တာအဖြစ် ဆောင်ရွက် စေခဲ့ကြောင်းလည်း သိရပါတယ်။

Ref: Bangkok Post

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်