လ.ဝ.က ဝန်ထမ်း (၄၀) ဦး အား အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများဖြင့် အရေးယူ ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိမ်းဆွေက ဒီဇင်ဘာ (၁၄) ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီး၌ မီဒီယာ များကို ပြောကြား ခဲ့သည်။ (ဓါတ်ပုံ - အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန)
လ.ဝ.က ဝန်ထမ်း (၄၀) ဦး အား အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများဖြင့် အရေးယူ ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိမ်းဆွေက ဒီဇင်ဘာ (၁၄) ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီး၌ မီဒီယာ များကို ပြောကြား ခဲ့သည်။ (ဓါတ်ပုံ - အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန)
လ.ဝ.က ဝန်ထမ်း (၄၀) ဦး အား အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများဖြင့် အရေးယူ ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိမ်းဆွေက ဒီဇင်ဘာ (၁၄) ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီး၌ မီဒီယာ များကို ပြောကြား ခဲ့သည်။
(ဓါတ်ပုံ – အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန)

ဇန်နဝါရီ ၁၃ ၊ ၂၀၁၇

တံစိုးလက်ဆောင် မယူရန် အပါအဝင် ပြည်သူ များအား မချေမငံ ဆက်ဆံခြင်း၊ အသားအရောင် ကိုးကွယ်သည့် ဘာသာ အရ ခွဲခြား ဖိနှိပ်ခြင်း တို့ မပြုလုပ် ကြရန် အချက်ပေါင်း (၃၀) ပါဝင်သည့် ညွှန်ကြားချက် တစ်ရပ်ကို ပြည်ထောင်စု အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနမှ မွန်ပြည်နယ် လဝက ရုံးသို့ ပေးပို့ ညွှန်ကြား ထားကြောင်း လဝက ပြည်နယ် ဦးစီးမှူး ဦးရှိန်ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အားနည်းချက် ရှိနေတဲ့ အချက်တွေကို ပြုပြင်ကြဖို့ ညွှန်ကြား တာပါ၊ အကယ်၍ ညွှန်ကြား ထားပြီး တောင်မှ ဆက်လုပ် နေဦးမယ် ဆိုရင်တော့ ဝန်ထမ်း စည်းမျဉ်း အတိုင်း အရေးယူ သွားမှာပေါ့” ဟု ဦးရှိန်ဝင်းက ပြောသည်။

ယင်းရရှိ ထားသည့် ပြည်ထောင်စု ညွှန်ကြား ချက်အား ရရှိသည်နှင့် ချက်ခြင်းပင် ပြည်နယ် တွင်းရှိ ခရိုင်၊ မြို့နယ် စသည့် ဌာနဆိုင်ရာ အဆင့်ဆင့်ကို ထပ်မံ၍ ဖြန့်ဝေ ပေးထားပြီး ဖြစ်ကြောင်း ဦးရှိန်ဝင်းက ပြောသည်။

လဝက ရုံးများတွင် ကတ်တစ်မျိုးမျိုး အတွက် လာရောက် လျှောက်ထား သူများအပေါ် လူမျိုး၊ ကိုးကွယ်သည့် ဘာသာ အပေါ် မူတည်ပြီး ခွဲခြား ဆက်ဆံခြင်း၊ ယဉ်ကျေး သိမ်မွေ့စွာ ဆက်ဆံမှု မရှိခြင်း ၊ ကာယကံရှင် များထံမှ လက်ဆောင် ရယူလိုစိတ် ရှိနေခြင်း စသည့် အားနည်းချက် များကို တွေ့ရှိ သဖြင့် ပြုပြင် ကြရန် ညွှန်ကြားစာ၌ ဖော်ပြ ပါရှိသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင်ရှိ မြို့နယ်များတွင် တာဝန် ထမ်းဆောင်နေ သည့် လ.ဝ.က ဝန်ထမ်း (၄၀) ဦး အား အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများ အပါအဝင် အကြောင်းအမျိုး မျိုးကြောင့် အရေးယူ ထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိမ်းဆွေက ဒီဇင်ဘာ (၁၄) ရက်နေ့၌ ပြုလုပ် ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။ သည်။

ထို့အပြင် အရေးယူခံရသည့် ဝန်ထမ်း ၄၀ ဦးအား အစိုးရသစ်လက်ထက် ၇ လအတွင်း အရေးယူထားခြင်းဖြစ်ပြီး သတိ ပေးခြင်း၊ နေရာ ပြောင်းရွှေ့ခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထောင်ချခြင်း အဆင့် အထိ အရေးယူထားကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောသည်။

ဖိုးဝ

Leave a Reply