ရန်ကုန်၊ ဒီဇင်ဘာ ၂၂
တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က မည့်သည့်တွေ့ဆုံဆွေးနွေးပွဲတွင် မဆို သက်သေအဖြစ် တရုတ် အစိုးရ နှင့် “၀”လက်နက်ကိုင် တပ်ဖွဲ့ UWSP/UWSA တို့ ပါဝင်မည်ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်အသိပေးလိုက်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်းမြို့တွင် တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Sun Guoxiang နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIA ၊TNLA၊ MNDAA ၊ AA တို့ တွေ့ဆုံခဲ့သည်။
ယင်းသို့ နောက် အစိုးရ နှင့် မည်သည့် တွေ့ဆုံပွဲတွင် မဆို လက်နက်ကိုင်လေးဖွဲ့လုံးပါဝင်မည် ဖြစ်ကာ အသိသက်သေ အဖြစ် တရုတ်အစိုးရ နှင့် “၀” လက်နက်ကိုင် အဖွဲ့ မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသို့ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ ဒီဇင်ဘာလ ပထမပတ်အတွင်း ရောက်ရှိလာချိန်က ကူးမင်းမြို့တွင် နှစ်ဘက် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တရားဝင် တွေ့ဆုံ နိုင်ခဲ့ခြင်းမရှိကြောင်း လက်နက်ကိုင်လေးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

15673204_698915763620005_2046743448_n
ယင်းကိစ္စ နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ့က မူ “တွေ့ဆုံဆွေးနွေးရေးပေါ်လစီအတိုင်းပဲသွားမယ် သီးခြားမှတ်ချက်တော့ပေးဖို့မရှိဘူး။ ရှေ့မှာသီးခြား တစ်ခြားနိုင်ငံတွေရဲ့ ကိစ္စဆိုတော့ပေါ်လစီသီးသန့်ပေးထားတာတော့မရှိဘူး။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်လစီကတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်တော့ဘဘယ်လိုတွေ့မယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ သီးခြားသက်သေတွေခေါ်တာတော့ အဲဒီ သဘောထားတွေတော့မသိရသေးဘူး” ဟု ဟင်္သာမီဒီယာသို့ ပြောကြားသည်။

Leave a Reply