မွန်ပြည်နယ် အစိုးရ သည်ကား ပြည်ထောင်စု အစိုးရ မှု ဝါဒအတိုင်း ရက်တစ်ရာ စီမံကိန်း ချမှတ် လုပ်ဆောင် ခဲ့သည်။ ထိုစီမံကိန်း သည် ကား ဧပြီလ ၁ရက်နေ့မှ စတင်ကာ ပြည်နယ် ဖွံ့ဖြို့ရေးအတွက် ရက်တစ်ရာ စီမံချက်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ ဇူလိုင်လ ၈ရက်နေ့တွင် အဆုံသတ်ခဲ့သည်။

athtayan

မွန်ပြည်နယ် အစိုးရ ရက် တစ်ရာစီမံကိန်း တွင် အရေးကြီး လုပ်ဆောင် စရာရှိသည့်ကိစ္စများ မပါဝင် ဟု ဝေဖန် ပြောဆို မှု များလည်း ရှိ ခဲ့သည်။
ဒီမိုကရေစီ အရပ်သားအစိုးရအနေဖြင့် ဟန်းနီးမွန်းရက်ခရီးစဉ်ဖြစ်သည့် အစိုးရသစ်၏ ရက်တစ်ရာ အတွင်း မွန်ပြည်နယ် ၁၀မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ အလုံးစုံမပြီးဆုံးသေး ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆိုသည်။

အစိုးရသစ် သက်တမ်း ရက်ပေါင်းတစ်ရာ ပြည့်မြောက်ခဲ့သော်လည်း လုပ်ငန်းများကိုမူ ဋ္ဌာနဆိုင်ရာများက ထုတ်ပြန် ကြေညာနိုင်ခြင်းမရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

ဋ္ဌာနဆိုင်ရာအချို့သည် ရက်၁၀ဝအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများကို ပြန်လည် စုစည်းနေသည့် အတွက် ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးကြောင်း၎င်းက ဆိုသည်။

ရေးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်မင်း စိုးလင်း က မှု ရက်ပေါင်း တစ်ရာ စီမံကိန်းလုပ်ကိုင် ဆောင်ရွက် ပုံများ နှင့်ပတ်သက် ပြီး အားမရ ဆိုလေသည်။
“မွန်ပြည်နယ်ရဲ့ ရက်တစ်ရာကတော့ ဒဲ့ပြောရမယ်ဆိုရင်ဌာဆိုင်ရာအားလုံးက ထိုင်းမှိုင်းနေတယ်၊ ထိုင်းမှိုင်း တယ်ဆိုတာက ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားနဲ့ အညီ တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက် ရေး တွေမလုပ်နိုင်ခဲ့ဘူး”ဟု ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် မင်းစိုးလင်းကဆိုသည်။
မွန်ပြည်နယ် အစိုးရ က ရက်ပေါင်း ၁၀ဝ အတွင်း ဋ္ဌာနဆိုင်ရာ ၁၂ခု ကို စီမံကိန်းများ လုပ်ဆောင် စေ ခဲ့သည်။

မွန်ပြည်နယ် ၏ ရက် တစ်ရာ စီမံကိန်းတွင် မွန်ပြည်နယ် မြို့ပေါ်ရှိလမ်းများကို ပြုပြင်ခင်းကျင်းခြင်း၊ တံတားများပြန်လည်ပြုပြင်ခြင်း၊ မြေဂရမ်များထုတ်ပေး ခြင်းတို့ကို ကနေဦး ရက်တစ်ရာ အတွင်း အလေးပေးလုပ်ဆောင်ခဲ့ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း စစ်တောင်းတံတာ၊ မုပ္ပလင်တံတား၊ဘီးလင်းတံတား၊ သံလွင်တံတား(မော်လမြိုင်တံတား)၊ အတ္ထရံတံတားတို့ကို လည်း သင်္ကြန်အပြီးမှစတင်ကာ ရက်တစ်ရာအတွင်း ပြန်လည်ပြင်ရေး လုပ်ငန်း များ လည်း ပါဝင် သည်။

ထို့အပြင် ကျောင်းများကို အဆင့်တိုးမြင့်ခဲ့ကာ မူလတန်းမှ တက္ကသိုလ်တန်းအဆင့် ထိ နေ့စားလပေး ဆရာ၊ဆရာမ စုစု ပေါင်း ၁၉၁ယောက်ကို ရက်တစ်ရာစီမံချက်အတွင်း ခန့်အပ် လုပ်ဆောင်ပေးခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က ဆိုသည်။

မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအိမ်ထောင်စုတွေ ၉ဝဝဝနီးပါ ရှိသည့်အနက် မွန်ပြည်နယ်တွင် အတည်တကျ နေထိုင်မည့် ရွှေ့ပြောင်းအလုပ်သမား ၂၄၀ ကို အိမ်ထောင်စုစားရင်းပြုလုပ်ပေးနိုင်ခဲ့ကြောင်း မွန်ပြည်နယ်လူ ဝန်မှုကြီး ကြပ်ရေး ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးရှိန်ဝင်းက ဆိုသည်။
ကျောင်းဖွင့် ရာသီတွင် ကျောင်းသားကျောင်းသူများကို ၁၀ နှစ်ပြည့် မှတ်ပုံတင်များ ကျောင်းများတွင် ကွင်းဆင်း လုပ်ဆောင်မှုများ ရက်တစ်ရာအတွင်း လုပ်ဆောင်ပေးခဲ့သည်။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရက်၁၀ဝစီမံချက်အတွင်း ရေမြောင်းကြီးများကို ၄.၇ဖာလုံ တိုးချဲ့ခြင်း ရေမြောင်းသွယ်များကို ၂မိုင်အထိတိုးချဲ့ခြင်းတို့ကို စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ပြီးဆုံးမှု ရှိမရှိကိုမူ ထုတ်ပြန်ပြောကြားခြင်းမရှိပေ။

မွန်ုပြည်နယ် မြို့ပြ နှင့်အိမ်ရာဖွင့်ဖြိုးရေးဦးစီးဋ္ဌာနမှ ရက်၁၀ဝအတွင်း မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့၊ ဝန်ထိမ်း အိမ်ရာ ၄ခန်းတွဲလေးထပ် ဆောက်လုပ်ရန် တင်ဒါခေါ်ယူထားကာ ဆောက်လုပ်ပြီးစီးထားသည့်ဝန်ထမ်းအိမ်ရာများကို လူနေနိုင်ရန် ဆောင်ရွက်ခဲ့သည်။
ယင်း သို့ ရက်တစ်ရာ စီမံကိန်း ကို ဌာန အသီးသီး လုပ်ဆောင်နေသော်လည်း စီမံချက်အတွင်း ဆောင် ရွက်ပြီးစီး မှုအခြေအနေများကို ဋ္ဌာနဆိုင်ရာ များက အစိုးရအဖွဲ့ထံ ပေးပို့လာ ခြင်းမရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးများကပြောသည်။

“သူတို့ကတော့လုပ်တော့လုပ်နေကြတယ်၊ ဘယ်လောက်ပြီးစီးမှု အတိုင်းအတာကိုတော့ အခုထိ ကျွန်တော်တို့ ဆီ မရောက်သေးဘူး”ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်း ဋ္ဌေးက ဆိုသည်။

အစိုးရသစ်၏ရက်တစ်ရာ စီမံချက်အရ တောင်ဝိုင်းတွင် ၆၆/၁၁ကေဗွီဓါတ်အားလိုင်းခွဲရုံတစ်ခုချထား ပေးနိုင်ခဲ့ ကြောင်းမွန်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ရက်တစ်ရာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများသည် ယခင်အစိုးရအဖွဲ့၏ ဘတ်ဂျက်အရ ရေးဆွဲထားသည့် လုပ်ငန်းများသာဖြစ်သည့်အတွက် မွန်ပြည်နယ် အစိုးရအနေဖြင့် အားထုတ် ကြိုးပမ်းထားမှု မရှိကြောင်း အဆိုပါ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ရက်တစ်ရာအတွင်း မွန်ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် မူဝါဒနည်းလမ်းများကို ချမှတ်နိုင်ခြင်းမရှိကြောင်းလွှတ်တော် ကိုယ်စားလှယ် များ က ဆိုသည်။

ရက်ပေါင်းတစ်ရာ စီမံကိန်းအတွင်း အစိုးရ ယန္တား ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များ မပါဝင် ခြင်း ကို ဝေဖန်ပြော ဆို သူမှာ ရေးမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်း စိုးလင်း ဖြစ်သည်။

“ခေါက်ရိုးကျိုးနေတဲ့ဝန်ထမ်းတွေ ပိုက်ဆံလည်းမယူဘူး၊အလုပ်လည်းမလုပ်တဲ့ဝန်ထမ်းတွေ ရှိတဲ့အခါကျတော့ ဌာနဆိုင်ရာတွေမှာ အလုပ်မတွင်တဲ့ပုံစံမျိုးဖြစ်နေတယ်၊ မွန်ပြည်နယ် ရက်တစ်ရာမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အနေနဲ့ရက်ပေါင်းတစ်ရာမှာ ဟုတ်တိပတ်တိလုပ်သွားတယ်လို့မမြင်ပါဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် မင်းစိုးလင်းက သုံးသပ်သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရက်၁၀ဝအတွင်း မူးယစ်ဆေးဝါး အမြစ်ဖြတ်တိုက်ဖျက်ရေးလုပ်ငန်းများ၊ အဂတိလိုက်စားမှု လုပ်ငန်းများ၊ အုပ်ချုပ်ရေး ဋ္ဌာနဆိုင်ရာ များကို တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက် ခြင်းလုပ်ငန်းကို ထိရောက်စွာ လုပ်ဆောင်နိုင်ပါက ပြည်သူလူထု၏ လက်ခုတ်သြဘာ အသံများကို ကျယ် လောင် စွာ ကြားနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ် အစိုးရသစ်၏ ဒေသဖွံ့ဖြိုးရေး ရက်တစ်ရာစီမံကိန်း လုပ်ဆောင်ချက်များကို စောင့်ကြည့်နေ ကြသည့် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူ လူထုက ရက်တစ်ရာ အဆုံသတ်ချိန် အားမရပေ ။

မော်လမြိုင် မြို့ မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နိုင်သောင်း သောင်းညွန့်က မှု လွှတ်တော် နှင့် အစိုးရ သည် မွန်ပြည်နယ် အတွက် ကျိုးစား လုပ်ဆောင်နေသော်လည်း စီမံကိန်း များ အံဝင်ခွင် ကျ မဖြစ်သေး ဟု ဆိုသည်။

“လုပ်တော့လုပ်နေတာပဲလေ၊ ပြည်သူလူထု လိုအပ်ချက်တွေနဲ့ အဆက်အဟက်မတည့် လို့ဖြစ်တာနေမှာပေါ့၊ လိုအပ်ချက်တွေကိုတော့ ဆက်လုပ်နေရမှာပဲ၊ ပြည်သူလူထုကလည်း လိုက်ဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သောင်းညွှန့်ဆိုသည်။

ရက်တစ်ရာအတွင်း အစိုးရသစ်၏ ဆောင်ရွက်မှုများကို အားမရ သော်လည်း ယုံကြည်ထောက်ခံသောကြောင့် မဲပေးခဲ့သည့် အတွက် ဆက်လက်စောင့်ကြည်ရဦးမည်ဖြစ်ကြောင်း ပန်းပဲတန်းရပ်ကွက်နေ အသက် ၆၀အရွယ် ရှိ ဒေသခံတစ်ဦးကဆိုသည်။

“ ကျွန်တော်တို့နှစ်တွေအကြာကြီး ဒုက္ခခံလာခဲ့ပြီးပြီ၊ ရက်တစ်ရာ လေးနဲ့ အစိုးရမကောင်းဘူးလို့ဆုံး ဖြတ်လျှင် တော့ သဘာဝတော့မကြဘူး၊ဆက်စောင့်ကြည့်ရမှာပေါ့”ဟု ဆိုလေသည်။

Leave a Reply