မော်လမြိုင် ၊ သြဂုတ် ၃

မွန်ပြည်နယ်အတွင်း လျှပ်စစ်မီး မရသေးသည့် ကျေးရွာများ တွင် ထင်းအစားထိုး စွမ်းအား မြင့် မီးဖိုများ ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း စွမ်းအာမြင့်မီးဖိုများ ဖြန့်ဖြူခြင်းနှင့် စီမံကိန်း တာဝန်ရှိသူများ ကပြောကြားသည်။

“ဒီစီမံကိန်ရဲ့ အထောက်အပံ့ကနေပြီးတော့ ကျေးလတ်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါ တယ် ။ ကျေးလက် လူမှုဘဝလည်း ဖွံဖြိုး လာပါမယ်” ဟု စိုက်ပျိုးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်း ဌေးကပြောကြားသည်။

မွန်ပြည်နယ် ၏ ကျေးလက်ဒေသတွင် ကျေးရွာပေါင်း ၁၁၄၃၀ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၄ သိန်းကျော်ရှိမှီတင်းနေထိုင်ရာ ကျေးရွာ ၄၃၄ရွာ တွင် လျှပ်စစ်မီးမရ သေးကြောင်း အဆိူပါ စီမံကိန်း တာဝန်ရှိသူများ ကပြောကြားသည်။

အဆိုပါ လျှပ်စစ်မီး မရသေးသည့် ကျေးရွာ များ တွင် ထင်းအစားထိုး စွမ်းအားမြင့် မီးဖို များ ဖြန့်ဝေ ရန်စီစဉ်ထားခြင်း ဖြစ်သည်။

မော်လမြိုင်မြို့ SUNSHINE HOTELတွင် မြန်မာနိုင်ငံ စွမ်းအာမြင့်မီးဖိုများ ဖြန့်ဖြူခြင်းနှင့် စီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကိုသြဂုတ်လ၃ရက်နေ့ နံနက်၉နာရီမှနေ့လည်၁၂နာရီထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စွမ်းအင်းမြင့်မီးဖိုများအသုံးပြုခြင်ဖြင့် သစ်တောပြုန်းတီမှုကိုလျှော့ချလာနိုင်ခြင်၊ကာဗွန်ထုပ်လွတ်မှု လျှော့ချနိုင် ခြင်း၊ရာသီဥတုပြောင်လဲမှုဖြစ်စဉ်တွေလဲလျှော့ချ နိုင်မည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်း ဌေးကပြောကြားသည်။

ဘီးလင်မြို့နယ် ဘိုရာဇာကျေးရွာ မှာနေထိုင်သော အိမ်ရှင်မ တစ်ဦးဖြစ်သည့် ဒေါ်လုံးတုံး က “ဒီထင်းကိုဝယ်မယ် ဆိုရင်ဘဲ တစ်စည်ကို၅၀၀ပေးရတယ် ဒီမီးဖိုးလေးပေးခြင်အာဖြင့်တစ်စည်းဆိုရင် ပိုင်းပြီး ထည့်မယ်ဆိုရင် ၃ရက်လောက်တော့ခံမယ် တခါတလေတောထဲမှာထင်းသွားခုတ်ရတဲ့အတွတ် တောကောင် သားကောင်တွေလဲကြောက်ရသေတယ် ထင်ရပြီးရင်လဲအခြောက်လှမ်းရသေးတယ် သုံးစွဲဖို့အတွတ်ထင်းရှာရ ခက်ခဲတယ်”ဟု ပြောဆိုသည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံစိုက်ပျိုးရေဦးစီးဌာနနှ င်ကိုးရီးယားရာသီဥတုပြောင်းလဲမှုးဗဟိုဌာနတို့ပှုးပေါင်း ဆောင်ရွတ်ခြင်ဖြစ်ကြောင်းသိရသည်

ယင်းစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်ပြုလုပ်မည်ဖြစ်သည်။

Written by စိုင်ထွန်းစံ

Leave a Reply