ထရမ့်၏ ဖုန်းကို သူလျှိုများနားထောင်ကြဟုဆို၊ အဲပဲလ်မသုံးဘဲ ဟွာဝေးပြောင်းသုံးရန် တရုတ်တိုက်တွန်း

တရုတ်သူလျှိုများသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်နေ ကြကြောင်း၊ အဲပဲလ်၏ အိုင်ဖုန်းများ မလုံခြုံဟု နယူးယောက်တိုင်း သတင်းဌာနက သတင်းရေးခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ တရုတ်ဘက်က မည်သို့ တုံ့ပြန်လိုက်သည်ဟု ထင်သနည်း။ ဟွာဝေးဖုန်းကို ပြောင်းသုံးပါဟူ၏။

“တကယ်လို့ အိုင်ဖုန်းတွေကို သူလျှိုတွေ ခိုးနားထောင်မှာ စိုးရိမ်ရင် ဟွာဝေးပြောင်းသုံးလေ”ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးလည်းဖြစ် ပြောရေးဆိုခွင့် ရှိသူအမျိုးသမီးလည်းဖြစ်သော ဟွာချွန်ယင်းက ပြောသည်။

နယူးယောက်တိုင်းသတင်းဌာနမှ ရေးသားသော သတင်းများမှာ သတင်းမှားများဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ဒီသတင်းကို ဖတ်ကြည့်ရင် အမေရိကန်မှာ ဇာတ်ညွှန်းရေးပြီး အော်စကာဆုရအောင် လုပ်နေတဲ့လူတွေရှိနေတယ်လို့ ကျွန်မ ခံစားမိတယ်” ဟု ဟွာချွန်ယင်းက ပြောသည်။

ဟွာဝေးဖုန်းကို ပြောင်းသုံးဟူသော စကားမှာလည်း အမေရိကန်အစိုးရသည် တရုတ်မိုဘိုင်းဖု
န်းကုမ္ပဏီ ဟွာဝေးကို အမေရိကန်တွင် လုပ်ငန်းဆောင်ရွက်ခြင်း မပြုနိုင်အောင် လုပ်ထားသည်ကို ရည်ညွှန်းခြင်းလည်းဖြစ်သည်။

ယခုနှစ်အစောပိုင်းကလည်း စီအိုင်အေ၊ အက်ဖ်ဘီအိုင်နှင့် အန်အက်စ်အေမှ အကြီးအကဲများကလည်း ဟွာဝေးထုတ်ကုန်များနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသားများကို သတိပေးခဲ့သည်။

ဟွာဝေးကုမ္ပဏီမှာ တရုတ်အစိုးရနှင့် ဆက်စပ်မှုရှိသည်ဟူ၍ သံသယဝင်ခံထားရသည်။ အဆိုပါ ကုမ္ပဏီမှာ တရုတ်စစ်တပ်မှ အင်ဂျင်နီယာဖြစ်သူ ရန်ဇန်ဖေးက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဟွာဝေးမှာအမေရိကန်နိုင်ငံ၏ အဓိက မဟာမိတ်များကို အခြေခံအဆောက်အအုံနှင့် စားသုံးသူ ဝန်ဆောင်မှုများ ပေးနေသည်။

Source: the Verge

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.