ထားဝယ်၊ သြဂုတ် ၉

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်ဖြန့်ုဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက်အိတ် ဖွင့်တင်ဒါကို ရန်ကုန်အခြေစိုက်ကုမ္ပဏီ ၂ခု လျှောက်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

“ ကုမ္ပဏီ ၂ခုပဲလျှောက်တယ်”ဟု ဦးအောင်သူရ ကဆိုသည်။

အိတ်ဖွင့်တင်ဒါလျောက်လွှာဝယ် ယူသူ၂၇ဦးရှိသည်အနက်မှအဆိုပါကုမ္ပဏီ၂ခုမှ လျောက်လွှာပိတ်ရက်နေ့ဖြစ် သည့်သြဂုတ်လ ၈ ရက်နေ့တွင် တင်ဒါ ယှဉ်ပြိုင်ရန် လျှောက်ထားကြောင်း၎င်းက ပြောသည်။

တင်ဒါလျောက်လွှာတင်သွင်းသည့်ကုမ္ပဏီ ၂ခုမှာ PETRO AND TRANS COMPANY LIMITED နှင့် STALLAR POWER HOUSE PTE Ltd တို့ဖြစ်သည်ဟု တနင်္သာရီတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည့် APU ကုမ္ပဏီ၊ DDPCကုမ္ပဏီ၊PTCကုမ္ပဏီနှင့်ယခုလုပ်ကိုင် နေသောGGSကုမ္ပဏီတို့တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

သြဂုတ်လ ၁၉ရက်နေ့တွင် တင်ဒါကော်မတီ အစည်းအဝေးပြုလုပ်ပြီး တင်ဒါရွှေးချယ်ရေးကိစ္စ များ ဆက် လက်ဆောင်ရွှက်သွားဖြစ်ကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာန ထံမှသိရှိရသည်။

တင်ဒါကော်မတီမှ တင်ဒါတင်သွင်းသူများ လိုက်နာရမည့်စည်းကမ်းချက် (၃၆)သတ်မှတ်ထားသည်။

ယခုအချိန်တွင် ထားဝယ်ခရိုင်တွင်လျှပ်စစ်ဓါတ်အားခ တစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်း၊ မီတာတစ်လုံးလျှင် တစ် လ လမ်းမီးခ ၂၀၀ကျပ်နှုန်းဖြင့် ကောက်ခံ လျက်ရှိပြီး ခရိုင်အတွင်းလျှပ်စစ်ဓါတ်အား ၁၄မီဂါဝပ်ခန့် သုံးစွဲလျက်ရှိကြောင်း သိရသည်။

တင့်လွင်

Leave a Reply