ထားဝယ်တက္ကသိုလ်တွင် တက္ကသိုလ်၏ ရနံ့အငွေ့အသက်များမရှိဖြစ်နေပြီး ပျော်ရွှင်မှုများ ပျက်သုဉ်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က သုံးသပ်ပြောကြားသည်။

htar-wei

အောက်တိုဘာလ ၁ ရက်နေ့က ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များအား ရှင်းလင်းနေသည် ကို သွားရောက်ကြည့်ရှုစဉ် ဝန်ကြီးချုပ်က သတင်းမီဒီယာများကို ထိုသို့ သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်တွင် သူပျော်ရွင်မှုနှင့်သူရှိပြီးတက္ကသိုလ်အဝန်းအဝိုင်းအတွင်းဝင်လိုက်သည်နှင့် ငြိမ်းချမ်းမှု၊ အေးချမ်း မှု၊ ပျော်ရွင် မှုများရှိရမည်ဖြစ်သော်လည်း ပျက်သုဉ်းနေသည်ဟု သုံးသပ်မိကြောင်း ဝန်ကြီးချုပ်က ပြော ဆို သည်။

“တက္ကသိုလ်ဆိုတာသူရနံ့နှင့်သူရှိတယ်၊ ပျော်ရွင်မှုပျက်သုဉ်းနေတယ်လို့ကျွန်မကတော့သုံးသပ်တယ်”
ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

ထို့ပြင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များရှိခြင်းကြောင့် မလိုလားအပ်သည့် ပြစ်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊သမီးရည်းစားတွဲများ သွားလာများသည့်အတွက်ကြောင့်ယင်းခြုံများကို ရှင်း ပစ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

အစိုးရသစ်တက်ပြီးနောက် တက္ကသိုလ်ဝင်လမ်းတွင် တစ်ကြိမ် သစ်ပင်ခြုံနွယ်များကိုရှင်းလင်းခဲ့ပြီး ယခုအခါ တက္ကသိုလ်ဝင်း အတွင်းခြုံအားလုံးကို ရှင်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ထားဝယ်တက္ကသိုလ်ကျောင်းသား/သူများသည် ကျောင်းအတွင်းရှိ အဆောင်များတွင် နေထိုင်ရန် စိတ်ဝင် စား မှုနည်းပြီး အပြင်ဆောင်များ၌သာနေထိုင်ရန် စိတ်ဝင်စားကြကြောင်း ထားဝယ်တက္ကသိုလ်မှ ကျောင်း အုပ်ကြီးက ပြောဆိုသည်။

ကျောင်းသား/သူများ အပြင်ဆောင်များ၌ နေထိုင်သည့်ကိစ္စအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်တွယ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ထံက ပြောဆိုခဲ့သည်။

ယခုနှစ်တွင် ကျောင်းသား/သူ ၁၃၀ဦးနေထိုင်နိုင်မည့် တက္ကသိုလ်အဆောင်ကိုလည်း ဆောက်လုပ်သွား မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။

ထားဝယ်မြို့အတွင်းရှိသော ထားဝယ်တက္ကသိုလ်ကို ၂၀ဝ၂ ခုနှစ်တွင် ထားဝယ်မြစ်အနောက်ဖက်ကမ်းရှိ ယခင်တောတောင်များရှိသောနေရာသို့ပြောင်းရွှေ့ခဲ့ပြီး တက္ကသိုလ်၏ အကျယ်မှာ ၃၅၉ ဒသမ ၆၇ဧက ရှိ ကာ ပင်မဆောင်နှင့် စာသင်ဆောင်များနှင့် အဆောက်အဦးများ ၃၀ ကျော်၊ ဆရာ/ဆရာမ ၁၅၀ကျော် ခန့်မှ ပညာသင်ပေးလျှက်ရှိသည်ဟု သိရသည်။

၂၀၁၄-၁၅နှင့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွင်း ကျောင်းသား/သူ ၃၄၃၈ ဦးတက်ရောက်ပညာသင်ကြားခဲ့ သည်ဟု သိရသည်။
ထို့အတူ ယခုနှစ်တွင် ကျောင်းသား/သူ ၁၃၀ဦးနေထိုင်နိုင်မည့် တက္ကသိုလ်အဆောင်ကိုလည်း ဆောက်လုပ်သွား မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။

သို့သော် ထားဝယ်တက္ကသိုလ်တွင် ကျောင်းသား/သူများသည် ကျောင်းအတွင်းရှိ အဆောင်များတွင် နေထိုင်ရန် စိတ်ဝင်စားမှုနည်းပြီး အပြင်ဆောင်များ၌သာနေထိုင်ရန် စိတ်ဝင်စားကြကြောင်း ထားဝယ်တက္ကသိုလ်မှ ကျောင်း အုပ်ကြီးက ပြောဆိုသည်။

ယင်းနှင့်ပတ်သက်၍ ကျောင်းသား/သူများ အပြင်ဆောင်များ၌ နေထိုင်သည့်ကိစ္စအား တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကိုယ်တွယ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် က ပြောဆိုခဲ့သည်။

Photo from Facebook

Leave a Reply