Advertisements

 

ထားဝယ် ၊ ဇန်နဝါရီ 

ထားဝယ်ခရိုင်အတွင်းမှ တရားရုံးအသီးသီးရှိ ပြည်သူ့ဘဏ္ဍာသိမ်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်၂၈စီးအတွက်အိတ်ဖွင့်တင်ဒါရောင်းချပေးလျက်ရှိကြောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးထံမှ သိရသည်။

တင်ဒါအောင်မြင်သူသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် သတ်မှတ်သည့် လိုင်စင်ကြေးကိုလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံကြေးကိုလည်းကောင်း ပေးသွင်းရန်သာ လိုအပ်ပြီး ဒဏ်ကြေးပေးသွင်းရန် မလိုပေ။

မြန်မာနိုင်ငံသားလုပ်ငန်းရှင် မည်သူမဆို၊ မည်သည့်ဒေသမှမဆို အိတ်ဖွင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း  အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ပြောသည်။

“ သူက ဒေသလိုင်စင်မဟုတ်ဘူး။ တစ်နိုင်ငံလုံးစီးခွင့် ၊ ‘ယ’ လိုင် စင်ရမယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆိုင်ကယ်များအတွက် ဇန်နဝါရီ ၉ မှ ၂၃ရက်အထိ တင်ဒါခေါ်ယူထားပြီး ၂၅ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၌ တင်ဒါဖွင့်လှစ်သွားမည်ဟု သိရသည်။

အိတ်ဖွင့်တင်ဒါကို log ၁ မှ ၄အထိ အုပ်စု ၄စုခွဲ ထား ပြီး အုပ်စုတစ်စုတွင် ဆိုင်ကယ် ၇စီးစီ ပါရှိမည်ဖြစ်သည်။

Log ၁ တွင် ထားဝယ်ခရိုင်တရားရုံးရှိHonda Wave 100- ၁စီး၊ Honda Sonic 125-၁စီး၊Honda CBR150-၁စီး နှင့် ရေဖြူတရားရုံးရှိ Honda Wave 100- ၁စီး၊ Kawasaki 110- ၁စီး၊ Honda PCX 150- ၁စီး၊ Honda Dream 100 -၁စီးတို့ပါဝင်ပြီး ကြမ်းခင်းဈေးမှာ ကျပ် ၃၄ သိန်းဖြစ်သည်။

Log ၂တွင်လောင်းလုံးမြို့နယ်တရားရုံးရှိ Honda Dream125 – ၁စီး၊Honda Wave 110- ၃စီး၊ Honda Wave 100- ၃စီး တို့ပါဝင်ပြီး ကြမ်းခင်းဈေး ကျပ်၂၈ ဒသမ၅သိန်းသတ်မှတ်ထားသည်။

Log ၃ တွင် လောင်းလုံးမြို့နယ်တရားရုံးရှိHondaDream 125 – ၁စီး၊Honda Wave ၁၂၅ – ၁စီး၊ Suzuki Smash 125- ၁စီး၊Honda Wave 100 -၂စီး၊ Honda Wave 110- ၂ စီးပါဝင်ကာ ကြမ်းခင်းဈေးအားဖြင့် ကျပ် ၃၂သိန်းဖြစ်သည်။

Log ၄ တွင် ပါဝင်သည်မှာ လောင်းလုံးမြို့နယ်တရားရုံးရှိ Honda Dream 125 -၂စီး၊ Honda Wave100 -၂စီး၊ Honda Wave 110- ၃ စီးဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် ကျပ် ၃၁ သိန်း သတ် မှတ်ထားသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply