Advertisements

ထားဝယ်၊ ဇူလိုင်

ထားဝယ်ခရိုင်၊ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့တွင် ဇွန်လ ၆ရက်မှ၂၅ရက်နေ့ထိ ရက် ၂၀အတွင်း တရားမဝင်သစ် ၂၄ တန်ကျော်ကို တရားခံဟု ယူဆရသူ ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်သစ်တောဦးစီးဌာနမှတဆင့် သိရသည်။

“တချို့ဟာက သတင်းပေးတာလည်း ရှိတယ်၊ တချို့ဟာက ရှောင်တခင် လှည့်လည်စစ်ဆေးရင်းနဲ့ တွေ့တာ ဖြစ်တယ်”ဟု ခရိုင် သစ်တောဦးစီးမှူး ဦးဆန်းဝင်းက ဆိုသည်။
ယင်းကာလအတွင်း တရားမဝင်သစ်ဖမ်းမိမှုမှာ ရေဖြူမြို့နယ်ရှိ နေရာ၄နေရာတွင် ၁၉ ဒသမ ၇၄ တန်၊ လောင်းလုံးမြို့နယ်ရှိ နေရာ ၃ နေရာတွင် ၅ ဒသမ ၁၆တန်၊ စုစုပေါင်း ၂၄ တန်ကျော် ရှိခဲ့သည်။

အဆိုပါခရိုင်တွင် ဧပြီလက တရားမဝင်သစ် ၁၁ဒသမ ၁၃၄၈တန် ဖမ်းဆီးရမိပြီး မေလတွင် ၇ဒသမ ၈၈၁၂ တန် ဖမ်းမိထားသည်။

ယင်းအပြင် ပိုင်ရှင်မဲ့ တရားမဝင် သစ် ဖမ်းဆီးရမိခဲ့ခြင်းများရှိခဲ့သလို တရားခံဟု ယူဆရန်အကြောင်းရှိသူတို့နှင့်အတူ ဖမ်းမိခြင်းများလည်း ရှိသည်။

ရေဖြူမြို့နယ်၊ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း၊ နတ်အိမ်တောင်ကားလမ်းဘေးတွင် ဇွန်လ၆ရက်နှင့် ဇွန်လ ၂၅ ရက်နေ့တို့တွင် တရားမဝင် အခြားသစ်ခွဲသား(ကဒွတ်အမျိုးအစား) ၇၀ချောင်း၊ ၁၁ ဒသမ ၀၀၄ တန်ကိုလည်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့အတူ ထားဝယ်-ရေကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၆၂ မိုင်အနီးတွင် ဇွန်လ ၂၂ရက်နေ့က တရားမဝင် အခြားသစ်ခွဲသား(ကဘန်အမျိုးအစား) ၃၂ ချောင်း၊ ၆ ဒသမ ၂၃၄၂တန်ကို ပိုင်ရှင်မဲ့အဖြစ်ပင် ဖမ်းဆီးရမိခဲ့သည်ဟု ယင်းဌာနရုံးထံမှ သိရသည်။

ဇွန်လ ၂၅ရက်နေ့က အဆိုပါကားလမ်းရှိ မိုင်တိုင်အမှတ် ၅၂မိုင်၌ Forlandယာဉ်နှင့် တရားမဝင် အခြားသစ်အမျိုးအစား တိုင် ၂ဒသမ ၅၀၆တန်၊အခြားသားမျော ၂၀လုံးနှင့် တရားခံဟု ယူဆရသူ ၂ဦးကိုဖမ်းဆီးရမိပြီး သစ်တောဥဒေ ပုဒ်မ ၄၄(က)အရ တရားစွဲဆိုမည်ဟု သိရသည်။

ထို့အပြင်လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာအနီး၊ ငရဲချောင်းနဘေးရှိ နေရာ ၃နေရာတွင် တရားခံဟု ယူဆ ရသူ၃ဦးနှင့်အတူ တရားမဝင်အခြားသစ်ခွဲသား(ကွဲျသွေးအမျိုးအစား) ၈၅ချောင်း၊ ၅ဒသမ ၁၆၀၄တန်ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေပုဒ်မ၃၃ (က)၂ဖြင့် အရေးယူသွားမည်ဟု သိရသည်။

ထားဝယ်ခရိုင်တွင် တရားမဝင်သစ် ဖမ်းဆီးရမိမှုမှာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်က ၂၀၀ဒသမ ၃၃တန်၊ ယခု၂၀၁၇- ၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်းတွင် ၁၉၃ ဒသမ ၁ တန်ဖမ်းဆီးရမိခဲ့ သည်ဟု တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှတ်တမ်းအရ သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply