ထားဝယ်၊ သြဂုတ် ၂၀

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူး ခြင်းလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၂ခုက ဓါတ်အားခတစ်ယူနစ် ဈေးနှုန်း၂၄၀ ကျပ်ဝန်းကျင်ဖြင့် ဓာတ်အား ဖြန့်ဖြူး ရန် အဆိုပြုထား ကြောင်း တနင်္သာရီတိုင်း အစိုးရ အဖွဲ့ထံ မှသိရှိရသည်။

သြဂုတ်လ ၂၀ရက်နေ့က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်သော တင်ဒါဖွင့်ဖောက်ပွဲပြုလုပ်ခဲ့ခြင်း လည်းဖြစ်သည်။

တင်ဒါယှဉ်ပြိုင်သည့်ကုမ္ပဏီများတင်သွင်းထားသော လျောက်လွှာအား ဖွင့်ဖောက်ချိန်တွင် PETRO AND TRANS COMPANY LIMITED က ဓါတ် အားခတစ်ယူနစ်လျှင် ၂၃၈ကျပ်ဖြင့် ဓါတ်အားဖြန့်ဖြူးရန်နှင့် STALLAR POWER HOUSE PTE Ltd က ၂၄၀ ဒသမ ၁၆ ကျပ်ဖြင့် ဓါတ်အားဖြန့်ဖြူးရန် အဆိုပြုထား ကြောင်း သိရသည်။

ဓါတ်အားခဈေးနှုန်းအနာ်း၊အများအပါအဝင် တင်ဒါအမှတ်ပေးဇယားပါ အချက်အလက်များအတိုင်း စီစစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဦးအောင်သူရ က ပြောကြား သည်။

“ဈေးနှုန်းတစ်ခုတည်းကို ကျွန်တော်တို့က တွက်ချက်တာမဟုတ်ဘူး↔ဟု ဦးအောင်သူရက ဆိုသည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီး အပါအဝင် ၃၄ဦးဖြင့်ဖွဲ့စည်းထားသည့် ထားဝယ်ခရိုင် လျှပ်စစ်ဓါတ် အားထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက် အကူပြု ဗဟိုကြီးကြပ်မှုကော်မတီက ထားဝယ် ခရိုတွင် လျှပ်စစ်ဓါတ်အားခတစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်း၊မီတာတစ်လုံးလျှင် တစ်လလမ်းမီး ခ၂၀၀ကျပ်နှုန်း ဖြင့်ကောက်ခံရန် သတ်မှတ်ပေးထားသည်။

ယခုတင်ဒါယှဉ်ပြိုင်သည့်ကုမ္ပဏီများသည် ဓါတ်အားခကောက်ခံမည့်နှုန်းထားတွင် လမ်းမီးခပါတွက်ချက်ထား၍ လမ်းမီးခ သီးသန့်ကောက်ခံမည်မဟုတ် ကြောင်း PETRO AND TRANS COMPANY LIMITEDသည် မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC )တွင် မှတ်ပုံတင်တင်ထားပြီး ထားဝယ်ခရိုအတွင်း အမေရိကန် ဒေါ်လာ ၁၂သန်းရင်းနှီးမြှပ်မည် ဟု တင်ဒါလျောက်ထား ရာတွင် အဆိုပြုထားသည်။

STALLAR POWER HOUSE PTE Ltd သည် စင်္ကာပူနိုင်ငံတွင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ထားဝယ် ခရိုင် တွင် ယူရို ၆.၃ သန်း ရင်းနှီးမြုပ်နှံမည် မည်ဟု ဆိုသည်။

တင်ဒါကော်မတီမှ တင်ဒါယျဉ်ပြိုင်သည့်ယင်းကုမ္ပဏီ၂ခုအတွက် အမှတ်ပေးပြီး အမှတ်ဇယားကို တနင်္သာရီတိုင်းဒေသကြီး အစိုးရကက်ဘိနက်အစည်း အ ဝေးသို့တင်ပြမည်၊ ယင်းကက်ဘိနက်အစည်းအဝေးမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီအာ ရွှေးချယ်မည်ကြောင်း ဦးအောင်သူ ရ ကဆိုသည်။

ယခင်က ထားဝယ်ခရိုင် အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းဖြန့်ဖြူးခြင်းလုပ်ငန်းကို APU ကုမ္ပဏီ၊DDPC ကုမ္ပဏီ၊PTC ကုမ္ပဏီနှင် ယခုလုပ်ကိုင် နေသော GGSကုမ္ပဏီတို့က လုပ်ကိုင်ခဲ့သည်။

ယင်း အိတ်ဖွင့်တင်ဒါလျောက်လွှာဝယ်ယူသ ူ၂၇ဦးရှိသည်အနက်မှ အဆိုပါကုမ္ပဏီ၂ခုမှ တင်ဒါယှဉ်ပြိုင်ရန်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တင့်လွင်

Leave a Reply