ထားဝယ် ၊ မေ ၁၀

နိုင်ငံတော် သမ္မတ ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်ပြီး ထားဝယ်အကျဉ်းထောင် မှ အကျဉ်းသား များ က အချက်၄ ချက်တောင်းဆိုခဲ့ကြောင်း ထားဝယ်အကျဉ်းထောင်တာ ဝန်ခံအရာရှိဦးချစ်လွင်က ပြောကြားသည်။

မေလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲ တွင် စတင်၍ အကျဉ်းသားများ တောင်းဆိုခဲ့သော အချက်များတွင် တန်းတူ လွတ်ငြိမ်းသက်သာခွင့်ရ လိုကြောင်း ၊ တိုင်းဝန်ကြီးချုပ် နှင့်တွေ့ဆုံလိုကြောင်း ၊ မီဒီယာ များ နှင့်တွေ့ဆုံခွင့် ရရှိရေး နှင့် လူ့အခွင့်အရေးအဖွဲ့နှင့်တွေ့ဆုံခွင့် ရရှိရေး စသည့်အချက်များကို တောင်းဆိုခဲ့ခြင်း လည်းဖြစ်သည်။

လွတ်ငြိမ်းသက်သာခွင့် နှင့်ပတ်သက်ပြီး ပြောချင်သည်ဟုဆိုကာ တင်ပြလာသည့် အတွက် ပြောဆိုတင်ပြမည့် သူကို ရွေးချယ် မေးမြန်းပြီး အကျဉ်းသားများ ၏ ဆန္ဒကို နေပြည်တော်သို့ တင်ပြပေးထားကြောင်း ဦးချစ်လွင်က ဆိုသည်။

“ဆူတာပူတာတွေတော့ မလုပ်ပါဘူး။” ဟု ၎င်း ကဆက်လက်ပြောပြသည်။

ယခုလက်ရှိထားဝယ် အကျဉ်းထောင် ၏ အနေအထားမှာ အေးအေးချမ်းချမ်းရှိကြောင်း လည်း ဦးချစ်လွင် က ထပ်လောင်း ပြောကြားသည်။

Written by Hintharmedia

Photo from ထားဝယ်အကျဉ်းထောင် fb page

Leave a Reply