Advertisements

ထားဝယ်၊ မေ

ထားဝယ်မြို့ သန့်ရှင်းသန့်ရပ်စေရန် နှင့် အမှိုက်ကိစ္စ နှင့်ပတ်သက်ပြီး အသိပညာရရှိစေရန်အတွက် တစ်နှစ်ပတ်လုံး၊ ၄လတစ် ကြိမ်အမှိုက်ကိစ္စအား အဖြေရှာရန် ၇ဦးဆီပါဝင်သော အဖွဲ့ ၃ဖွဲ့ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှ သိရသည်။

ကနဦးအစီအစဉ်ဖြင့် ထားဝယ်မြို့၊အနောက်ရပ်ကွက်နှင့် ဇရစ်/ခုံဝင်းဒပ်ရပ်ကွက်တို့တွင် လက်ရှိထွက်နေ သည့်အ မှိုက်များကို မည်သည့်ပုံစံဖြင့်ပစ်သည်ကိုအဖြေရှာရန်၊ အ မှိုက်နှင့်ပတ်သက်၍အသိပညာပေးရန် မေလမှ သြဂုတ်လ အထိ၄လအတွင်း မိမိကိုယ်တိုင်ပါဝင်သော၇ဦးအဖွဲ့မှလုပ် ဆောင်သွားမည်ဟု CLean Dawei အဖွဲ့မှ တာဝန်ခံတစ်ဦး ဖြစ်သူဦးအောင်နိုင်ဦးက ပြောကြားသည်။

“အချက်အလက်ရလာရင် စည်ပင်၊ အမှိုက်သိမ်းသူတွေနဲ့ ဝိုင်းဆွေးနွေးပြီးအဖြေရှာမယ်”ဟု ဦးအောင်နိုင်ဦးက ဆို သည်။
လက်ရှိအချိန်တွင် ထားဝယ်မြို့၌ တစ်နေ့လျှင်အမှိုက်တန် ၄၀မှ တန်၅၀ခန့်အထိထွက်ရှိပြီး ထားဝယ်မြို့၊ ဝဲကျွန်းရပ် ကွက်ရှိ အမှိုက်ပစ်ကွင်းသို့ ပုဂ္ဂလိ ကအမှိုက်သိမ်းယာဉ် နှင့်စည်ပင်အမှိုက်သိမ်း ယာဉ်တို့မှမြို့ အတွင်းမှအမှိုက်များ သိမ်းဆည်းပြီး တစ်နေ့လျှင် ပျမ်းမျှခေါက်၄၀မှ ၆၈ခေါက် အထိအမှိုက်များကို သွားရောက်စွန့်ပစ်လျက်ရှိသည်ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင်ပုဂ္ဂုလိက အမှိုက်သယ်ယာဉ် ၁၀စီးတို့မှ ရပ်ကွက်များအတွင်း အမှိုက်များကို လိုက်လံ သိမ်းဆည်း ၍ အမှိုက်စွန့်ပစ်သည့်အိမ်(၁)အိမ်လျင် အနည်းဆုံး ဝန် ဆောင်ခဖြင့် ၂၀၀၀ကျပ် ကောက်ခံလျက်ရှိသည်။ သို့သော် အချို့သော အိမ်များမှာ အမှိုက်သယ်ယာဉ်များထံ အမှိုက် စွန့်ပစ်ခြင်းမရှိပေ။

ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင်အမှိုက်သိမ်း ယာဉ် ၇စီးရှိသည်ဟု သိရသည်။
ယင်းအခြေအနေကြောင့်ထားဝယ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဖက်လူ မှုအဖွဲ့အစည်းများပါဝင်သော Clean Dawei အဖွဲ့မှ အ နောက်ရပ်ကွက်နှင့် ဇရစ်/ခုံဝင်း ဒပ်ရပ်ကွက်တို့ တွင် အဆို ပါအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် မေလ ၅ရက်နေ့တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်သွားမည် ဟု သိရသည်။

ယင်းသို့ဆွေးနွေးပွဲပြုလုပ်ပြီးလုပ်ငန်းအစီအစဉ်ရေးဆွဲပြီးနောက် လူနှင့်အထောက်အကူပြုပ စ္စည်းများစု ဆောင်းကာ မေလနောက်ဆုံးအပတ်တွင် ယင်းရပ်ကွက်များအတွင်းသို့ ဆာဗေးဆင်းခြင်းပြုလုပ်သွားမည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

၄လအတွင်း အဆိုပါရပ်ကွက် ၂ကွက်တွင် အမှိုက်ကိစ္စ ကိုဖြေရှင်းသွားမည်ဟု၎င်းက ပြောသည်။
ပထမလတွင် ဆာဗေးကောက်ယူခြင်း၊ ဒုတိယလတွင် သန့် ရှင်းမှုရှိအောင်လုပ်ဆောင်ခြင်း၊ တတိယလတွင် သန့်ရှင်း ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်း၊ နောက်ဆုံး လတွင်လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်၊အား သာချက်များထွက်ပေါ်လာမည်ဖြစ်၍ပြန်လည်သုံးသပ်ပြီးနောက် မြို့အပေါ်ရှိ ကျန်သောရပ ်ကွက်များတွင် အမှိုက် ကိစ္စအဖြေရှာခြင်းကို ဆက်လုပ်ဆောင်သွားမည်ဟု CLean Daweiအဖွဲ့မှထံမှ သိရသည်။

အမှိုက်ကိစ္စပတ်သက်၍ စိတ်ပါဝင်စားလျင် CLean Daweiအဖွဲ့နှင့် ဆက်သွယ်နိုင်သည်ဟု ယင်းအဖွဲ့မှဖိတ် ခေါ်ထားသည်။ CLean Daweiအဖွဲ့ကို ယခုနှစ်ဧပြီလတွင် စတင်ဖွဲ့စည်း ခဲ့သည်။

Written by တင့်လွင်

Leave a Reply