ထားဝယ်၊ မေ ၉

၂၀၁၄ ခုနှစ်အစောပိုင်းတွင် အောက်ဆီဂျင်စက်ရုံဖွင့်ပြီးလျပ်စစ်မီတာ ခဈေးနှုန်းကြီးခြင်းနှင့်စက်ချို့ ယွင်းခြင်း တို့ကြောင့်ရံဖန်ရံခါသာ လည်ပတ်နိုင်သည့်အောက်ဆီဂျင်စက်ရုံအား ယခုမေလ၆ရက် နေ့မှစတင်၍ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ်အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးဆောင်နေသူများထံမှ သိရသည်။

“၂၀၁၈၊ ၄လပိုင်းမှာ နောက်ဆုံးရပ်နားထားတယ် အခုမေလ ၆ရက်နေ့မှစပြီး လည်နေပြီ” ဟုအာယုဒါနပါရမီ မြောက်ကုသိုလ်ဖြစ်အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှဦးဆောင်သူတစ်ဦးဖြစ်သူဦးအောင်မြင့် ကဆိုသည်။

ရန်ကုန်မြို့သို့အောက်ဆီဂျင်မှာယူလျင် ဆလင်ဒါဘူးကြီး ၁လုံးကိုတစ်သောင်းကျပ်ကျပြီး အဆိုပါအောက် ဆီဂျင်စက်ရုံလည်ပတ်လျင် လျပ်စစ်မီတာခ ဈေးနှုန်းကြီးခြင်းကြောင့် ဆလင်ဒါဘူးကြီး ၁လုံးကို တစ်သောင်း နှစ်ထောင်ကျပ်ကျသည်ဟု သိရသည်။

အထူးအစီအစဉ်ဖြင့် ကောက်ခံနေသောလျပ်စစ်မီတာ ခနှုန်းထား၏ထက်ဝက်ခန့်လျောချ၍ ကောက်ခံပေး မည်ဆိုလျှင်အောက်ဆီဂျင်စက်ရုံပုံမှန်လည်ပတ်နိုင်မည်ဟုအာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ်အ ရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေး ဦးဆောင်နေသူများက ပြောသည်။

ယခုအချိန်တွင် အဆိုပါအောက်ဆီဂျင်စက်ရုံမှ တနေ့လျင် အောက်ဆီဂျင်ဆလင်ဒါအိုးကြီး ၈လုံးထုတ်လုပ် လျက်ရှိသည်ဟု သိရသည်။

ထားဝယ်ပြည်သူဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသော ကလေးများနှင့် ချို့တဲ့သူများ၊ ထားဝယ် ဒေသအတွင်းဆေးရုံ ၁၂ရုံနှင့် မြိတ်ခရိုင်အတွင်းရှိ ပုလော၊ ပလောက်၊ ပလ၊ ကျောက်ကာဆေးရုံကို အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ်အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ အခမဲ့အောက်ဆီဂျင်လှူ ဒါန်းပေးလျက်ရှိသည်။

ထို့အပြင် အရေးပေါ်လူနာတင်ယာဉ်များကိုလည်း အခမဲ့အောက်ဆီဂျင်လှူဒါန်းပေးလျက်ရှိသည်ဟု သိရသည်။

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူသူလူနာများမှ တစ်လလျင် ပျမ်းမျှ အောက်ဆီဂျင်အိုးကြီး ၁၂၀လုံးခန့်၊ အောက်ဆီဂျင်အိုးငယ်လုံး ၈၀၀ ကျော်အသုံးပြုနေပြီး ကလေးနှင့်ချို့တဲ့သူများမှအပ ကျန်သောလူနာများကို အောက်ဆီဂျင်အိုးသေးတစ်လုံးကိုအသုံးပြုလျင် ၁၀၀၀ကျပ်၊ အောက်ဆီဂျင် အိုးကြီး အသုံးပြုလျင် ၃၀၀၀ကျပ်ကောက်ခံသည်ဟု သိရသည်။

တစ်လလျင် အောက်ဆီဂျင် စလင်ဒါအိုးကြီး ၂၅၀လုံးမှ ၃၀၀လုံးအကြား ရန်ကုန်မြို့သို့မှာယူနေရသည်ဟု အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ်အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးဦးဆောင်နေသူများထံမှ သိရသည်။

တင့်လွင်

Leave a Reply