Advertisements

ထားဝယ်၊ မေ ၂၄

ထားဝယ်- မောင်းမကန်သွားကားလမ်း မိုင်တိုင်အမှတ်(၄/၆)မိုင်နှင့်( ၄/၇)မိုင်အကြား ခလရ(၁၀၄) တပ်ရင်း အရှေ့ကားလမ်းနှင့်ကိုက် ၅၀အကွာရှိ ရော်ဘာခြံအတွင်း တောရိုင်းခြံပင်များကြားတွင် မေလ ၂၃ရက်နေ့၊ နံနက် ၁၀နာရီခွဲအချိန်က အမျိုးသမီး(၁)ဦး၏အ လောင်းတစ်လောင်းကိုတွေ့ရှိရကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထင်းခွေသွားသည့် အသက် (၅၀)ရွယ်ရှိ အမျိုးသမီးက သူမ၏လောင်းကို တွေ့ရှိရပြီး ၀ဲဘက်လည်ပင်းတွင် အရှည် ၄.၅လက်မ၊ အနက် ၃လက်မခန့် ပြတ် ရှဒဏ်ရာ(၁)ချက်၊၊ ယာနဖူးဒေါင့်တွင် (၁)လက်မ ခန့် ပြတ်ရှဒဏ်ရာ(၁) ချက်ဖြင့်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

ယင်းသို့တွေ့ရှိကြောင်းဖေ့စ်ဘုတ်ခ်တင်လိုက်ရာမှ ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာမှ မိဘဆွေမျိုးများလိုက်လာပြီး အလောင်းမှာ သူ့သမီး၊ သူ့ညီမဆိုပြီး အတည်ပြုခဲ့ကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်မူခင်းနှိမ်နှင်းရေးတာဝန်ခံ ရဲအုပ်အောင်သူ ကပြောကြားသည်။

“ကျွန်တော်တို့က အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်လိုက်ပြီးတော့ ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်တယ်”ဟုရဲအုပ်အောင်သူ က ဆိုသည်။

သူမ၏ မိဘ၊ဆွေမျိုးများအား မေးမြန်းရာ သူမမှာ မေလ ၂၀ရက်နေ့၊ည ၇နာရီခန့်တွင် အိမ်ကနေထွက်သွားပြီးနောက် ဆက်သွယ်ပြတ်ခဲ့သည်ဟု သိ ရကြောင်း၎င်းက ပြောသည်။

သူမမှာ ရောင်းမော်ရွာမှ အသက်(၁၉)နှစ်အရွယ်ရှိသော မဝိုင်းချစ်ဖြစ်သည်ဟု သိရသည်။

မဝိုင်း ချစ်သေဆုံးမှုနှင့်ပတ်သက်၍ မောင်းမကန်နယ်မြေရဲစခန်းမှ (ပ)၂၀/၂၀၁၉၊ ရာဇဝတ်ကြီးဥပဒေပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်၍ စုံစမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply