Advertisements

ပေကျင်း ဇွန် ၂

အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြား ပဋိပက္ခဖြစ်ပွားမှုမှာ နှစ်နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ ဆိုးကျိုး သက်ရောက်နိုင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အကြံပေး ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက စင်ကာပူနိုင်ငံတွင်ကျင်းပသည့် ရှန်ဂရီလာဆွေးနွေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သော ဇွန် ၂ ရက် ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်အနေနှင့် တရုတ်နှင့်ကာကွယ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများမှ ရှောင်ရှားခြင်းက နှစ်နိုင်ငံ အကျိုးများကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးကပြောသည်။

ထို့ပြင် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအပေါ် အမေရိကန်၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံ ပါဝင်ပတ်သက်ခြင်းသည် နယ်မြေအရေး အငြင်းပွားရခြင်း ကြောင့်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဝေဖန်ဟီက ဆိုသည်။

အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က တောင်တရုတ်ပင်လယ်ဒေသ အတွင်း တရုတ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား မြှင့်တင် သည့်လုပ်ရပ်များကို ရှုတ်ချကြောင်း ပြောသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီသည် ရှစ်နှစ်အတွင်း ယခုရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်သည့် ပထမဆုံးတရုတ်ကာကွယ်ရေး ဝန်ကြီးတစ်ဦးဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်မာမှုများကိုလည်း အပြန်အလှန်လျှော့ချပြီး ပြန်လည်ပူးပေါင်းလုပ်ဆောင်ပါက စစ်ရေး စီးပွားရေး မဟာမိတ်ကောင်းဖြစ်လာမည်ဖြစ်ကြောင်း အကြံပြုခဲ့သည်။

Advertisements
<

Leave a Reply