Advertisements

ဘန်ကောက် ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေညစ်ညမ်းမှု ဆိုးဝါးစွာဖြစ်ပေါ်နေဆဲဖြစ်ပြီး ပုံမှန်အခြေအနေထိ အမြန်လျှော့ချနိုင်ရန် မြို့တွင်း ယာဉ်များသွားလာမှုကို အချိန်ဖြင့် ကန့်သတ်သွားမည်ဖြစ်ကြောင်း မြို့တော်လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သည်။

ဘန်ကောက်မြို့သည် ဇန်နဝါရီလ ၁၆ရက်နေ့မှ စတင်ကာ လေထုညစ်ညမ်းမှုများဆိုးဝါးစွာဖြစ်ပေါ်ခဲ့ပြီး ယနေ့တိုင် လျှော့ချနိုင်ခြင်းမရှိသေးပေ။

Advertisements
data-language="en"

အစိုးရအဖွဲ့မှဦးဆောင်ကာ မိုးအတုများရွာချခြင်းနှင့် အခြား ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သော်လည်း ထူးခြားမလာသဖြင့် ယာဉ်သွားလာမှုကိုပါ လျှော့ချကန့်သတ်ရန်လိုအပ်လာခြင်းဖြစ်ကြောင်း မြို့တော် လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပက်ထရာအင်နာဝတ်က ပြောသည်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးကလည်း သန့်စင်ထားသော ဇီဝ-ဒီဇယ်အရော အသုံးပြုထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသော ဘတ်စ်ကားများ ပိုမိုဝယ်ယူမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် ထရပ်ကားကြီးများအား ယာဉ်အသွားအလာထူထပ်ချိန်များတွင် ဘန်ကောက်မြို့သို့ ဝင်ရောက်ခြင်းအား ကာကွယ်ရန် စစ်ဆေးရေးဂိတ် ၂၀ ကျော်ထားရှိကြောင်းလည်း သိရသည်။

၂၄နာရီအတွင်း လေထုသန့်စင်မှု စစ်ဆေးချက်အရ ၂.၅ မိုက်ခရိုမီတာ (PM 2.5) နှင့်အတူ ပါဝင်ပစ္စည်းအဆင့်မှာ တစ်ကုဗမီတာလျှင် ၅၁ မှ ၉၃ မိုက်ခရိုဂရမ်အထိ အမျိုးမျိုးပါဝင်နေကြောင်း၊ PM 2.5 ၏ ဘေးကင်းစိတ်ချရသော စံနှုန်းမှာ ၅၀ မိုက်ခရိုဂရမ်ဖြစ်ကြောင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက သတင်းတင်ပြထားသည်။

ထို့ပြင် လေထုထဲတွင် မီးခိုးနှင့် မြူများရောကာ ပြန့်နှံ့နေပြီး အန္တရာယ်ရှိသော ဓါတုဓါတ်ငွေ့များသဖွယ် အန္တရာယ်ရှိနေကြောင်း သိရသည်။

ဘန်ကောက်မြို့၏ လေထုအရည်အသွေးညွှန်းကိန်းမှာ ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းတွင် ၁၂၂ အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ယင်းမှာ ကျန်းမာရေးအထိအခိုက်မခံနိုင်သူများအတွက် “ကျန်းမာရေးကိုထိခိုက်စေသော” အဆင့်ဖြစ်နေကြောင်း သိရသည်။ ယင်းသို့သတ်မှတ်ရာတွင် ၅၀ အောက်မှာ စိတ်ချရသောအဆင့်ဖြစ်ပြီး ၃၀၀ အထက်ရှိပါက အန္တရာယ်ရှိသည်ဟု ဆိုသည်။

ဘန်ကောက်အပါအဝင် လူဦးရေများပြားသော ပြည်နယ်ခြောက်ခုတွင် ငါးခု၌ ဇန်နဝါရီလ ၂၂ ရက် လေထုအရည်အသွေး အားနည်းမှုမှာ လေတိုက်မှုနည်းခြင်းနှင့် မိုးရွာမှုအားနည်းခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားထားပြီး မော်တော်ကားများမှ စွန့်ထုတ်မှုများကို လျှော့ချရန် လိုအပ်လာခြင်းဖြစ်သည်။

Bangkok Post

Leave a Reply