ထိုင်းနယ်စပ်တစ်နေရာ၊ ဓာတ်ပုံ - ဆုလာဘ်

ဘားအံ နိုဝင်ဘာ

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ထိုင်း – မြန်မာ ကုန်သွယ်မှုပမာဏ တန်ဖိုးမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှ ယခုလ နိုဝင်ဘာ ၉ ရက်ထိ ရက် လေးဆယ်အတွင်း အမေရိကန်ဒေါ်လာ ၉၃ သန်းနီးပါး ရှိခဲ့ရာ ယခင်နှစ် ၂၀၁၇ အဆိုပါကာလထက် သန်း ၂၀ ကျော် သာလွန်မြင့်တက်ခဲ့သည်။

ယမန်နှစ် ကာလတူကမူ ပို့ကုန် သွင်းကုန် နှစ်ရပ်ပေါင်း တန်ဖိုး ကန်ဒေါ်လာ ၇၁ သန်းသာ ရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန စခန်းများအလိုက် နှိုင်းယှဉ်ချက်စာရင်းတွင် ဖော်ပြသည်။

ယခုနှစ်တွင် ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၁၂ သန်းထိ ရှိခဲ့ပြီး ယမန်နှစ်ကမူ ဒေါ်လာ ရှစ်သန်းနီးပါးသာ ရှိခဲ့သည်။ သွင်းကုန်အနေဖြင့် ယမန်နှစ် ယင်းကာလက ၆၃ သန်းကျော်သာ ရှိခဲ့ရာမှ ယခုနှစ်တွင်မူ သန်း ၈၀ ကျော်ဖိုးအထိ တင်သွင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာမှာ ပို့ကုန်အုပ်စုအနေဖြင့် လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော စသဖြင့် တင်ပို့ကြပြီး သွင်းကုန်အုပ်စုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ် ဟူ၍ ပုံစံနှစ်ရပ်ဖြင့် ကူးလူးကုန်သွယ်နေကြခြင်းဖြစ်သည်။

ထိုင်း နယ်စပ်ကုန်သွယ်မှုမှာ ကရင်ပြည်နယ် မြဝတီအပြင် တနင်္သာရီတိုင်းဒေသကြီးတွင် ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင် စခန်းများမှတဆင့်လည်း အဝင်အထွက် ရှိနေသည်။ အဆိုပါကာလအတွင်း ကုန်သွယ်မှုအခြေအနေမှာ ကော့သောင်းမှတဆင့် ၆ သန်းနီးပါး၊ မြိတ်မှတဆင့် ၈ သန်းကျော် ပမာဏတိုးလာပြီး ထီးခီးနှင့် မောတောင်မှမူ သိသာသော ကွာဟချက် မရှိခဲ့ချေ။

ေစာအယ္လ္ဒီး

Leave a Reply