Advertisements

ထိုင်းနိုင်ငံတွင် လိင်တူချင်းလက်ထပ်သည့် ဥပဒေကြမ်းကို စတင်မိတ်ဆက်ပေးလိုက်သည်။

အဆိုပါ ဥပဒေအတည်ဖြစ်ပါက ထိုင်းနိုင်ငံသည် အာရှတွင် လိင်တူချင်း လက်ထပ်ခြင်းကို ဥပဒေအရ တရားဝင်ခွင့်ပြုသည့် ဒုတိယမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။

လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုပေးသည့်ပထမဆုံးနိုင်ငံမှာ ထိုင်ဝမ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်၏ အမြင့်ဆုံးတရားရုံးက လိင်တူချင်းလက်ထပ်ခြင်းကို ပိတ်ပင်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီဟု ဆိုခဲ့ပြီး အကယ်၍ လွှတ်တော်က အတည်မပြုပါက ၂၀၁၉ ခုနှစ် မေလတွင် လိင်တူလက်ထပ်ခြင်းသည် အလိုအလျောက် တရားဝင် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

The Nation သတင်းစာ၏ အဆိုအရ ထိုင်းနိုင်ငံသည် ထိုင်ဝမ်ထက်စော၍ လိင်တူလက်ထပ်သည့်ဥပဒေကို ပြဋ္ဌာန်းဖွယ် ရှိသည်။

တရားရေးဝန်ကြီးသည် ဥပဒေမူကြမ်းနောက်ဆုံးအဆင့်ကို အတည်ပြုပေးရန် အစိုး ရအဖွဲ့သို့တင်ပြသွားမည်ဖြစ်ပြီး လာမည့် ၂၀၁၉ ဖေဖော်ဝါရီ လအတွင်း ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ အတည်ပြု သွားဖွယ်ရှိသည်။

“ ဒီဥပဒေက အရင်က တည်းက ရှိသင့်တဲ့ဥပဒေပါ။ ဒါမှ လိင်တူစုံတွဲတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ လိင်တူစုံတွဲတွေဟာ သာမန်စုံတွဲတွေနဲ့ ဘာမှမကွာပါဘူး” ဟု အသက် ၃၈ နှစ် အရွယ် ရက်သန်ပရာပိုင်ရက်က ပြောသည်။

သူနှင့်သူ့လက်တွဲဖော်တို့ အတူလက်တွဲလာကြသည်မှာ ယခုအခါတွင် နှစ်ပေါင်း ၂၀ကျော် ရှိနေပြီဖြစ်ကာ အိမ်တစ်လုံးဝယ်ကာ အဝတ်အစားအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသည်။

ယခုလအတွင်းတွင် ဖူကူယိုကာသည် ဂျပန်နိုင်ငံတွင် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုသည့် ဒုတိယမြောက်မြို့ကြီး ဖြစ်လာသည်။

အဆိုပါ မြို့တွင် လူပေါင်း ၁ဒသမ ၅ သန်း နေထိုင်ကြပြီး ကျူရှုကျွန်း၏ မြောက်ပိုင်းကမ်း ရိုးတန်းပေါ်တွင် တည်ရှိသည်။

Source: Pink

photo – The Nation

Advertisements
<

Leave a Reply