Advertisements

ဘောလုံးပွဲကို လုပ်ပွဲကစားသည်ဟူသော စွဲချက်ဖြင့် ထိုင်း နေရှင်နယ်လိဂ်မှ ကစားသမားငါးဦး၊ ပွဲကြီးကြပ်သူနှစ်ဦးအပါအဝင် စုစုပေါင်း လူ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆမ်ယော့ ပွန်းပန်မွန်က ပြောသည်။

ဇူလိုင်လတွင် ကျင်းပခဲ့သော ဘောလုံးပွဲတစ်ပွဲ၊ စက်တင်ဘာလတွင် ကျင်းပခဲ့သော ဘောလုံးပွဲ သုံးပွဲ၏ ရလဒ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ချက်သစ် ချိုင်ဂျင်ဒါနှင့် မစ္စတာ ဆမ်ယော့တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာခဲ့ကြခြင်းဖြစ်သည်။

နေဗီဘောလုံးအသင်းမှ ကစားသမားလေးဦး၊ နခွန်ရက်ချစီမာအသင်းမှ ကစားသမားတစ်ဦးတို့သည် ပွဲရလဒ်ကို ပြောင်းလဲပေးရန် ထိုင်းဘတ်ငွေ ၂၀၀၀၀၀ (ပေါင် ၄၆၀၀) ရယူခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

‘လုပ်ပွဲကစားလာတာ တော်တော်ကြာနေပြီ။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ရောဂါလို ဒုက္ခပေးတဲ့ ဒီလုပ်ရပ်တွေကို ကိုင်တွယ်ဖို့ လိုပြီ’ ဟု ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောသည်။

ဖမ်းဆီးခံထားရသူ ၁၂ ဦးစလုံးကို အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။ တရားရုံးဆိုင်ရာ အချက်အလက်အသေးစိတ်ကိုတော့ လက်ရှိတွင် မသိရှိရသေးပေ။

ယခုကဲ့သို့ လုပ်ပွဲကစားမှုများမှာ ကစားသမားများ၊ ဒိုင်လူကြီးနှစ်ဦး၊ အသင်းတာဝန်ရှိသူတစ်ဦးနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပင်း၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ် ဥက္က၏က ပြောသည်။
အပြစ်ရှိကြောင်းတွေ့ရှိပါက အသင်းတာဝန်ရှိသူသည် ထောင်ဒဏ်ဆယ်နှစ်နှင့် ဒဏ်ငွေကို ကျခံရနိုင်ပြီး ကစားသမားများသည် ထောင်ဒဏ် ငါးနှစ်နှင့် ဒဏ်ငွေကို ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်ကတော့ အာရှတွင် ဘောလုံးပွဲ လုပ်ပွဲကစားမှုများကို လုံး၀ သည်းခံမည်မဟုတ်ဘဲ၊ အပြစ်ရှိသူများကို ပြင်းထန်စွာအရေးယူဆောင်ရွက်မှုကို အားပေးထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Source: AP

Advertisements
<

Leave a Reply