(ဓါတ်ပုံအညွှန်း – ထိုင်းလူသတ်မှု၌ သေဒဏ် ကျခံရသူနှစ်ဦး လွှတ်မြောက်ရေး အတွက် ကျိုက်သုတ်စေတီတော် မြတ်ကြီးတွင် ဆန္ဒထုတ်ဖေါ်စဉ်)

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်သော မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ပြန်လည် လွတ်မြောက်ရေး အတွက် မော်လမြိုင်ဒေသခံလူထု ၉၀ နီးပါးက ကျိုက်သုတ်စေတီနှင့် ကျိုက်သလ္လံစေတီ တို့တွင် ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းက ဆုတောင်းပွဲများ ပြုလုပ် ခဲ့ကြောင်း ဆုတောင်း ပွဲပြုလုပ်သူများ ထံမှ သိရသည်။

သေဒဏ် ချမှတ်ခံရသည့် မြန်မာ လုပ်သားနှစ်ဦး အတွက် မော်လမြိုင်လူထု ၇၀ ကျော်က ကျိုက်သုတ်စေတီတွင် ဆိုတောင်းမှု ပြုလုပ်ခဲ့ပြီး မော်လမြိုင် လူထု ၁၅ ဦး ကလည်း ထိုင်းအစိုးရ၏ တရားစီရင်ရေးကို ကန့်ကွက်ရှုံ့ချမှု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြ မှုများပြုလုပ် ခဲ့ပြီးနောက် ကျိုက်သလ္လံစေတီတော်တွင် ဆုတောင်းပွဲ ပြုလုပ် ခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။

“ကျွန်တော်တို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီကိစ္စကို ဦးဆောင်ပြီး ဆန္ဒထုတ်ဖော် မဲ့သူတွေ မရှိဘူးဆိုတာ ဒီမနက်ပိုင်းက စပြီးတော့ သိခဲ့ရတယ်၊ နိုင်ငံနဲ့အဝှမ်း၊ ကမ္ဘာတစ်ဝှမ်း ဆန္ဒ ထုတ်ဖော်နေချိန်မှာ မော်လမြိုင်မြို့က ဆန္ဒ ထုတ်ဖော်တဲ့သူ မရှိတဲ့အတွက် ဖေ့ဘုတ် (facebook) လူမှုကွန်ရက် ကနေ ကျွန်တော်တောင်းဆိုခဲ့ပါတယ်၊ အကယ်၍ မည်သူတစ်ဦး တစ်ယောက်မှ လိုက်ပါခဲ့ခြင်း မရှိရင်လည်း ကျွန်တော် တစ်ယောက်တည်း တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော် မှာဖြစ်ပါတယ်”ဟု လမ်းလျှောက် ဆန္ဒထုတ်ဖော် ဦးဆောင်သူ ဦးဇော်မြတ်လင်းက ပြောသည်။

(ဓါတ်ပုံအညွှန်း – ထိုင်းလူသတ်မှု၌ သေဒဏ် ကျခံရသူနှစ်ဦး လွှတ်မြောက်ရေး အတွက် ကျိုက်သုတ်စေတီတော် မြတ်ကြီးတွင် ဆန္ဒထုတ်ဖေါ်စဉ်)
(ဓါတ်ပုံအညွှန်း – ထိုင်းလူသတ်မှု၌ သေဒဏ် ကျခံရသူနှစ်ဦး လွှတ်မြောက်ရေး အတွက် ကျိုက်သုတ်စေတီတော် မြတ်ကြီးတွင် ဆန္ဒထုတ်ဖေါ်စဉ်)

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော ကမ္ဘာ လှည့်ခရီးသွား ဗြိတိန်နိုင်ငံသားနှစ်ဦးကို သက်ခဲ့ သူများသည် မြန်မာ လုပ်သားနှစ်ဦးြ ဖစ်သည် ဟုဆိုကာ ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ် အမိန့် ချမှတ် ခဲ့ခြင်းဖြစ်သည်။

“ကိုယ့်မြန်မာပြည်သူတွေ ဒီလိုမျိုး ခံခဲ့ရတာ အများကြီး ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စကို ကိုယ်တွေ့ခံစား ခဲ့ရဖူးလို့ ဒါလုပ် သင့်တယ် ဆိုတဲ့ အကြောင်း၊ ဒီလိုသာ မလုပ်ဘူးဆိုရင် နောက်ဟို မှာနေတဲ့ မြန်မာပြည်သူတွေ ကတော့ ဒီလို ဆက်ဖြစ်နေအုံးမှာပဲ”ဟု ထိုင်းနိုင်ငံတွင် ၁၃ နှစ်ကြာ အလုပ် လုပ်ခဲ့ဖူးသူ ကိုမင်းမင်းက ကျိုက်သုတ် ဆုတောင်းပွဲ လာရောက်စဉ် ဟင်္သာမီဒီယာသို့ ပြောကြားသည်။

Leave a Reply