မြဝတီ၊ မေ

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ်အလုပ်သွားရောက်လုပ်ကိုင်ရန် မြဝတီ -မဲဆောက်လမ်းမှတစ်ဆင့် ထွက်ခွာသူ အရေအတွက် ကျား/မ ပေါင်း မှာ လစဉ်တစ်သောင်းခွဲ အထက်တွင်ရှိနေကြောင်း သိရသည်။

“အရင်လကတော့ နှစ်သစ်ကူးသင်္ကြန် ကာလ၊ ရုံးပိတ်ရက်တွေများတဲ့အတွက် လုပ်သားစေလွှတ်မှုလျော့နည်းခဲ့ပါတယ်။ဒီလမှာတော့ အရင်လကထက် များပြားခဲ့ပါတယ်။ အများစုကတော့ ကျေးလက်တောရွာနေသူတွေ ပိုများပါတယ်” ဟု ချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက မေလကုန်ပိုင်းတွင် ပြောသည်။

ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့်လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် ယခုလို ထွက်ခွာလုပ်ကိုင်နေခြင်းဖြစ်ကြောင်းကာယကံရှင်အချို့၏ ဖွင့်ဟပြောဆိုချက်များအရ သိရသည်။

ပြည်တွင်း၌ အလုပ်ရုံ၊စက်ရုံ တည်ဆောက်လည်ပတ်နိုင်မှုအားနည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ အခွင့်အလမ်းရှိသည့်တိုင်လုပ်ခလစာနည်းပါးခြင်း အကြောင်းပြချက်များဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာနေကြခြင်း ဖြစ်ကြောင်းရွှေ့ပြောင်းလုပ်သား
များနှင့်နီးစပ်သူအသိုင်းအဝိုင်းက မှတ်ချက်ပေးသည်။

သင်္ကြန်ပြီးနောက်မေလတွွင် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းဘက်ခြမ်းသို့ ထွက်ခွွာသူ ယခင်လများထက် အရေအတွက် ပိုမိုမြင့်တက်လာပြီး မေလဆန်းမှ မေလ ၂၄ ရက်နေ့ထိ အမျိုးသား အမျိုးသမီး၁၃၇၈၈ ဦး ထွက်ခွာသွားခဲ့ကြောင်း မြဝတီချစ်ကြည်ရေး
တံတားတာဝန်ရှိသူများထံမှသိရသည်။

အဆိုပါအလုပ်သမားများမှာ စက်ရုံ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအပြင်ငါး၊ ပုစွန်လုပ်ငန်းများသို့ သွားရောက်သူများလည်း ပါဝင်ကြောင်းသိရသည်။

ပြည်တွင်း၌ အခြေခံလုပ်အားခ တစ်နေ့ ၄၈၀၀ ကျပ်ကိုသတ်မှတ်နိုင်ချိန်မှာထိုင်းနိုင်ငံဘက်တွင် တစ်နေ့ လုပ်အားခထိုင်းငွေ ၃၁၅ ဘတ် ရရှိကြကြောင်း၊ ယခုအခါ ငွေလဲလှယ်နှုန်းမြင့်လာသည်နှင့်အမျှ ကျပ်၁၅၀၀၀ နီးပါး ရှိလာခဲ့ကာ လုပ်အားခ သုံးဆခန့်ပိုမိုရရှိနေခြင်းကြောင့် ယင်းသို့လုပ်သားထွက်ခွာမှု များပြားနေခြင်းဖြစ်သည်ဟုလည်း ကောက်ချက်ချကြသူများရှိသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်   ၂၀၁၃ ခုနှစ် ကတည်းက သွားရောက်လုပ်ကိုင်နေကြရာ မြန်မာလုပ်သားလေးသန်းကျော်ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဆုလာဘ် (မြဝတီ)

Leave a Reply