ဗန်ကောက် ဧပြီ ၂

ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်းရှိ ပြည်နယ်အချို့တွင် လေထုညစ်ညမ်း မှုအခြေအနေမှာ ဆိုးရွားနေသည့် အတွက် ယင်းပြည်နယ်များအတွင်းရှိ နေထိုင်သည့် ပြည်သူများအနေဖြင့် လေထုညစ်ညမ်းမှုအခြေအနေအတွင်း ပြင်းထန်စွာ ရုန်းကန်နေရကာ လေထုညစ်ညမ်းမှု အခြေအနေ မှာ စံချိန်တင်မြင့်တက်လျက်ရှိသည်။

လေထုအတွင်း၌ အမှုန်အမွှားများ ပါဝင်မှုအဆင့်မှာ ပီအမ် ၂ ဒသမ ၅ ထက်အဆ ၂၀ ကျော် မြင့်တက်နေ ကြောင်း၊ ယင်းမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ဒဗလျူအိတ်ခ်ျအို)၏ သတ်မှတ် ချက်ထက် ကျော်လွန်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းဒေသတွင်း၌ ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများအတွက် ထိုင်း ဘုရင် မဟာဗာဂျီရာလောင်ကွန်းက စိုးရိမ်မှုများရှိနေကြောင်း ပြောကြား ခဲ့ပြီး ယင်းဒေသတွင်းရှိ ပြည်သူများ အား ပြောင်းရွှေ့ပေးရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည့်အထောက်အပံ့ ပေးအပ် မည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသရှိ ပြည်နယ်များ၌ လေထုညစ်ညမ်းမှုများ သည် မတ်လအတွင်း၌ စတင်ဖြစ်ပွား ခဲ့ပြီး ယင်းဖြစ်ရပ်အတွက် ဒေသ ဆိုင်ရာအာဏာပိုင်များက တောင်ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေး အတွက် တောမီးများရှို့ခဲ့သည့် လယ်သမားများကို ပြစ်တင်ပြော ကြားခဲ့သည်။

ထိုင်းနိုင်ငံ ပိုင်နက် နယ်မြေနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသအနီး ရှိ လယ်သမားများက တောင်ယာ စိုက်ပျိုးရေးအတွက် တောမီးများ ရှို့ခဲ့ကြသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ဧပြီ ၂ ရက်တွင် ချင်းမိုင်သို့ လာရောက်ခဲ့ပြီး လေထု ညစ်ညမ်းမှုအခြေအနေနှင့် တွေ့ကြုံ နေမှုအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ သည်။ ထိုင်းဝန်ကြီးချုပ်သည် ယင်း ဒေသတွင်း၌ လေထုညစ်ညမ်းမှုကို တိုက်ဖျက်နေသည့် ဒေသဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများ ကို အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

လေထုအတွင်း အမှုန်အမွှားများ ပါဝင်မှု ပီအမ်-၂၅ အဆင့်ရှိမှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်သည့် အမြင့်ဆုံး အဆင့်ဖြစ်သည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများက လေထုညစ်ညမ်းမှုအဆင့် လျော့ကျ စေရေးအတွက် လေထုအတွင်း ရေဖျန်းပက်သည့်စနစ်များကို အသုံး ပြု၍ ကြိုးပမ်းလျက်ရှိသည်။ ရေဖျန်းသည့်နည်းလမ်းကို ဇန်နဝါရီလအတွင်းက ထိုင်း နိုင်ငံ မြို့တော်ဗန်ကောက်၌ လေထု ညစ်ညမ်းမှုလျှော့ချရာတွင် အသုံးပြု ခဲ့ဖူးသည်။

Bangkok Post

Leave a Reply