ဗန်ကောက် မတ် ၂၇

ထိုင်းနိုင်ငံအတွင်းရှိ အာဏာရှင်စနစ်ကို ဆန့်ကျင်သော နိုင်ငံရေးပါတီများက မတ်လ ၂၇ရက်တွင် ညွန့်ပေါင်းတစ်ရပ်ဖွဲ့စည်းခဲ့သည်။

ဖြူထိုင်းပါတီဦးဆောင်သော အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နိုင်ငံရေးပါတီခုနစ်ခုက အစိုးရ တစ်ရပ်ဖွဲ့စည်းရန်အတွက် ပါလီမန်အမတ်နေရာများကို အပြည့်အဝရရှိရန်နှင့် တပ်မတော်တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသော ဖာလန်ပရာချာရတ်ပါတီအတွက် နေရာမရှိစေရန်ရည်ရွယ်ပြီး ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ၂၀၁၄ ခုနှစ် တပ်မတော်က အာဏာ သိမ်းပိုက်ခဲ့ပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပြီးနောက် အာဏာရှင်စနစ်အား အဆုံးသတ် စေရန် ရည်ရွယ်သည့်အနေဖြင့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့တစ်ရပ် ဖွဲ့စည်းလိုက်ခြင်းကြောင့် အစိုးရအဖွဲ့တစ်ရပ်ဖွဲ့စည်းရန် ပြည့်စုံလုံလောက်သွားပြီ ဖြစ်ကြောင်း ရှေ့သို့လှမ်းချီအနာဂတ်ဆီသို့ပါတီ ခေါင်းဆောင် သာနာသွန် ဂျူအန်ဂရောင်ရုအန်ကစ်က ပြောသည်။

ညွန့်ပေါင်းပါတီများအနေဖြင့် မည်သည့်အခက်အခဲ ကိုမဆို အတူတကွ ရင်ဆိုင်ကျော်လွှားကာ နိုင်ငံအတွင်း အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် သာနာသွန် က ဆိုသည်။

မတ် ၂၄ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် လိပ်ခဲတည်း လည်း အနေအထားတွင် ရောက်ရှိနေခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာခြင်းမရှိသေး သော်လည်း ပြည်သူများ၏ထောက်ခံမှု အများဆုံးရရှိ ထားသော အဓိကပြိုင်ဘက်ပါတီနှစ်ခုက နိုင်ငံတော်၏ အခွင့်အာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန် အပြိုင် အဆိုင်ကြိုးပမ်းလျက်ရှိကြသည်။

နိုင်ငံအတွင်း အာဏာရှင်စနစ်ကို အဆုံးသတ်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ပါတီများအနေဖြင့် ညွန့်ပေါင်း အဖွဲ့တစ်ရပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖြူထိုင်းပါတီ ခေါင်းဆောင် ဆူဒါရတ် ကီယုရာဖန်က မတ် ၂၇ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ အကျိုးတူပူးပေါင်းထားသည့် နိုင်ငံရေးပါတီ များက အောက်လွှတ်တော်အမတ်နေရာ ၅၀ဝ အနက် ၂၅၅ နေရာကိုရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ယင်းပါတီခုနစ်ခုတွင် ရွေးကောက်ပွဲ၌ လူငယ် များ၏ ထောက်ခံမှုအများဆုံးရရှိထားသော ရှေ့သို့လှမ်းချီ အနာဂတ်ဆီသို့ပါတီလည်း ပါဝင်ကြောင်းသိရသည်။

NHK

Leave a Reply