Advertisements

စစ်လက်နက်ကဏ္ဍ ပူးပေါင်းမှု မြှင့်တင်ရန်အတွက် တောင်ကိုရီးယား စစ်အရာရှိများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် အသံထက်မြန်သော T-50 အမျိုးအစား အမောင်းသင် ဂျက်လေယာဉ်များကို တောင်ကိုရီးယားနိုင်ငံထံမှ ဝယ်ယူထားပြီး အဆိုပါ လေယာဉ်များမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိတော့မည်ဖြစ်သည်။

ထိုင်းဘက်မှ တာဝန်ရှိသူ ပရာဝစ် ဝမ်ဆုဝန်နှင့် တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီး မစ္စတာ ဆန်ယန်းမူက တောင်ကိုရီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံကို နောက်ထပ် စစ်သင်္ဘောတစ်စင်းအကူအညီပေးသွားဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၏ လေတပ်သည် တောင်ကိုရီးယား လေကြောင်း စက်ရုံထုတ် T-50 TH Golden Eagle အမောင်းသင်လေယာဉ်နှစ်စီးကို ၇ရှိထားပြီးဖြစ်ပြီး လာမည့်လများအတွင်း နောက်ထပ်နှစ်စီးထပ်မံ ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ လေယာဉ်များ ဝယ်ယူရေးကို ၂၀၁၅ ခုနှစ်က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်ကလည်း T 50 လေယာဉ် ရှစ်စီးကို အမေရိကန်ဒေါ်လာ သန်း ၂၆၀ ဝန်းကျင်ဖြင့် ထပ်မံ ဝယ်ယူရန် ဆုံးဖြတ်ထားသည်။

ထိုင်းနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံအတွက် စစ်လက်နက် ဈေးကွက်တစ်ခုဖြစ်ပြီး တန်ချိန် ၃၆၅၀ ရှိ ဘက်စုံသုံး စစ်သင်္ဘောတစ်စီးကိုလည်း ရောင်းချရန် နှစ်နိုင်ငံ သဘောတူထားပြီးဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ စစ်တပ် ခေတ်မီစေရန်နှင့် ပင်လယ်ပြင်လုံခြုံရေး မြှင့်တင်ရန် ကူညီပေးလိုကြောင်း ကာကွယ်ရေးဝန်ကြီး ဆန်က ပြောကြားခဲ့သည်ဟုဆိုသည်။

၁၉၅၀-၅၃ တောင်-မြောက် ကိုရီးယား စစ်ပွဲအတွင်း ထိုင်းနိုင်ငံသည် တောင်ကိုရီးယား တပ်များကို သယ်ပို့ပေးခဲ့ဖူးသည့် ကိစ္စကို ထောက်ပြကာ ကာကွယ်ရေးဝန်ကြီးက သက်တမ်းနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများအကြောင်းကို ပြောဆိုခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် နှစ်နိုင်ငံ တရားဝင် သံတမန် ဆက်ဆံရေး တည်ထောင်သည်မှာ နှစ်ပေါင်း ၆၀ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆန်ယန်းမူသည် စင်္ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသို့ မသွားရောက်မီ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Source: UrduPoint

Advertisements
<

Leave a Reply