မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁ ။ ။ မွန်ပြည်နယ်တွင်း ပို့ကုန်၊သွင်းကုန် လုပ်ငန်း များလုပ်ဆောင်ရာတွင် အဓိက အသုံးပြုနေသော ထိုင်းဘတ်ငွေ လဲလှယ် နှုန်းများ တစ်ပတ်အတွင်း ဆက်တိုက် မြင့်တက်လျက်ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နှင့် မြဝတီမြို့ များတွင် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။

Bath-

မြဝတီ မြို့နှင့် ဘုရားသုံးဆူ မြို့များတွင် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထိုင်းဘတ်ငွေ လဲလှယ်နှုန်း မှာ မြန်မာကျပ်ငွေ တစ်သိန်း လျှင် ထိုင်းဘတ် ၃၀၀၀ စျေးနှုန်း ရှိသော်လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မှု မြန်မာ ငွေကျပ်တစ်သိန်းလျှင် ဘတ်ငွေ ၂၈၃၀ ထိ ငွေလဲလှယ်နှုန်းမြင့်တက်သွားကြောင်း အဆိုပါ စျေးကွက် အတွင်းမှသိရှိရသည်။

“သုံး ရက်ဆက်တိုက် မြန်မာငွေစျေးတွေကျ နေတာ၊ သုံးထောင်ကနေ တဖြည်းဖြည်းနဲ့ ကျလာတာ ၊
အခုပေါက်စျေးက ၂၈၃၀ ဘတ် အထိ ကို ကျသွားတာပဲ၊ဆက်ကျဖို့ ရှိတယ်လို့ထင်တာပဲ ”ဟု ဆက်လက် ပြောသည်။

ဘုရားသုံးဆူမြို့တွင် ဖေဖော်ဝါရီလ ၁၁ နေ့ ထိုင်းဘတ်ငွေ ပေါက်စျေးမှာ မြန်မာ ကျပ်ငွေ တစ်သိန်းကို
ဘတ်ငွေ ၂၉၅၀ ဘတ် ရှိကြောင်း မုဒုံမြို့ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူ ဒေါ်ငယ်က ပြောသည်။

“ခုထိုင်းပစ္စည်းတွေ ၀ယ်လို့ရှိရင် ပစ္စည်းစျေးတက်တယ် ၊ ဘတ်ငွေတွေက တက်လိုက် ကျလိုက် ဖြစ်နေတော့၊ စျေးသတ်မှတ်ထားပြီးသား ပစ္စည်းတွေက ငွေစျေးနှုန်းလိုမျိုး တက်လိုက် ကျလိုက်မဖြစ်ပါဘူး ”ဟု မော်လမြိုင် အခြေစိုက် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ အဓိက ရောင်းချ နေသော 7 Four စတိုးဆိုင်ပိုင်ရှင် ဒေါ်မာမာအောင် က ပြောသည်။

ထိုင်းဘတ်ငွေ လဲလှယ်နှုန်း ဆက်တိုက်မြင့် တက်လာသော်လည်း မွန်ပြည်နယ် အတွင်း ရှိ ထိုင်းကုန်ပစ္စည်း များ စျေးနှုန်းသိသိသာသာ ပြောင်းလဲခြင်း မရှိသေးပေ။

Leave a Reply