မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၅ ။ ။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မြင့်တက်လျက်ရှိသောကျ ထိုင်းဘတ် ငွေလဲ လှယ်နှုန်း သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည်ကျဆင်းလျက်ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မြဝတီမြို့ များတွင် နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။
logo-copy
မြဝတီမြို့တွင် ဖေဖော်ဝါရီလ ဒုတိယ အပတ်အတွင်း ထိုင်းဘတ်ငွေ လဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ တစ်သိန်း လျှင် ထိုင်းဘတ် ၂၈၃၀ ထိရှိခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၈၈၅ သို့ ပြန်လည်ကျဆင်းလျက် ရှိကြောင်း မြဝတီ စျေးကွက်အတွင်း မှသိရသည်။

“မြန်မာငွေတစ်သိန်းကို အရင်တစ်ပတ်က ၂၈၃၀ဘတ် ရတယ်၊ ဒီနေ့ဆို တစ်သိန်းကို ဘတ်ငွေ၂၈၈၅ဘတ် ရမှာပေါ့၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်း ကျသွားတယ်လို့ ပြောလို့ရတယ်၊ ”ဟု ၎င်းကပြောသည်။

ဘုရားသုံးဆူမြို့တွင် ဖေဖော်ဝါရီ်လ ၁၅ရက်နေ့က ထိုင်းဘတ်ငွေပေါက်စျေး မှာ မြန်မာကျပ် တစ်သိန်းကို ဘတ်ငွေ ၂၉၅၀ ဘတ် ရှိကြောင်း မုဒုံမြို့ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူ ဒေါ်ငယ်ကပြောသည်။

Leave a Reply