မော်လမြိုင်၊ မတ် ၁ဝ ။ ။ ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ငွေကြေးဈေးကွက်အတွင်း ယခုအပတ်တွင် ထိုင်းဘတ်ငွေလဲလှယ်နှုန်း များပြန်လည်မြင့်တက်လာကြောင်း မြဝတီမြို့အခြေစိုက် ငွေကြေးရောင်းဝယ်ရေးလုပ်ငန်းများထံမှ သိရသည်။

jopyThaiBAHT4615
ယခုလဆန်းပိုင်းက မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၃ဝဝဝ ဘတ်အထိ ကျဆင်းခဲ့ရာမှ မတ်လ ၁၀ ရက်နေ့တွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၉၅ဝ ဘတ်အထိ ပြန်မြင့်တက်လာကြောင်း မြဝတီမြို့၊ ဘုရင့်နောင်လမ်းမကြီး ချစ်ကြည်ရေး တံတားအနီးတွင် ငွေလဲလှယ်အရောင်းအဝယ်လုပ်ကိုင်သူ အမျိုသားတစ်ဦးက ပြောကြားသည်။

ဒေါ်လာဈေးနှင့် ဘတ်ငွေအဝင်အထွက်ပေါ် မူတည်၍ နယ်စပ်တွင် ထိုင်းဘတ်ဈေးအတက်အကျဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြဝတီမြို့ရှိ အလုပ်သမားများ လစာထုတ်မည့်ရက်များတွင် ထိုင်းဘတ်ဈေးကျလေ့ရှိသော်လည်း လတ်တ လောတွင် ထိုင်းဘတ်ငွေအဝင်နည်းသောကြောင့် ဈေးပြန်တက်နိုင်ကြောင်း ထိုင်း- မြဝတီနယ်စပ်တွင် ကုန်စည်များတင်သွင်းရောင်းဝယ်သူ ဦးသီဟက သုံးသပ်ပြောဆိုသည်။

“ထိုင်းဘတ်ငွေဈေးတက်လို့ရှိရင် မြန်မာကုန်သည်တွေအတွက် အဆင်ပြေတယ်။ ဒါပေမဲ့ မြန်မာအလုပ် သမားတွေအတွက်တော့ အဆင်မပြေဘူး။ နောက်တစ်ခုက ဘတ်ဈေးအကျပြင်းရင်တော့ ကုန်သည်တွေ ကရှုံးတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် ပြည်တွင်းမှကုန်သည်များ ထိုင်းပစ္စည်းအရောင်းအဝယ် များသော ကြောင့် ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေကို အရောင်းအဝယ်လုပ်ရခြင်းဖြစ်ကြောင်း ဘတ်ငွေရောင်းဝယ်ရေး လုပ်ငန်းများထံမှ သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply