Advertisements

ဟေမာန်ပြည့်

သံအရာရှိသည် ထိုင်းဘတ်ငွေသန်းချီ လာဘ်ယူခဲ့သည်ဟု စွပ်စွဲခံထားရပြီး နိုဝင်ဘာအစောပိုင်းကတည်းက ရန်ကုန်တွင် ဖမ်းဆီးခံထားရသည်

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်းအား ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းတရားလွှတ်တော်ကစတင်စစ်ဆေးမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောခွင့်ရအရာရှိကဆိုသည်။

တရားလို အဂတိကော်မရှင်က အမှုဖွင့်ပြီးနောက် အလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦးသည် နိုဝင်ဘာလ ပထမသီတင်းပတ်ကတည်းက ရန်ကုန်တွင် ဖမ်းဆီးခံထားရသည်။

Advertisements
data-language="en"

သံအရာရှိနှင့်အတူ မြန်မာလုပ်သားများနှင့် အလုပ်သမားအေဂျင်စီများထံမှ လာဘ်ငွေယူခဲ့ကြောင်း စွပ်စွဲခံထားရသည့် အရပ်သား နှစ်ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံတွင် ရှိနေနိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဦးက ယခုလဆန်းအတွင်းက ပြောကြားထားဖူးသည်။

အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၇၀,၀၀၀ ကျော် (ကျပ် သိန်း ၂၉၀ နီးပါး) နှင့် ကုမ္ပဏီ ၁၆ ခုထံမှ ထိုင်းဘတ်ငွေ၃ ဒသမ ၈ သန်း (ကျပ် သိန်း ၂၀၀၀) နီးပါးကို လက်ခံရယူခဲ့ကြောင်း တိုင်စာရရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု အဂတိတိုက်ဖျက်ရေးက ဆိုသည်။

စစ်ဆေးမှုများအတွင်း သံအရာရှိသည် ၂၀၁၇ မှ ၂၀၁၉ အထိ ထိုင်းတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အလုပ်ခေါ်စာများကို ပြည်ပအလုပ် အကိုင်အေဂျင်စီကုမ္ပဏီများကတင်ပြရာတွင်ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးပေးရန် ကုမ္ပဏီများထံမှ လာဘ်ငွေများကိုတောင်းခံခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

ယင်းအပြင် သူသည် ပြည်ပအလုပ်အကိုင်အေဂျင်စီများက အလုပ်သမားအမည်စာရင်းတင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းကောက်ခံပြီးကုမ္ပဏီများထံမှ လာဘ်ငွေကို ဒေသခံ၀န်ထမ်းများမှတဆင့် လက်ခံရယူခဲ့သည့်အတွက်ရာထူးတာ၀န်ကိုအလွဲသုံးစားပြုကာ အဂတိလိုက်စားမှုကျူးလွန်ခဲ့ သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

Leave a Reply