Advertisements

မော်လမြိုင်၊ ဇွန်

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော အေးခဲကြက် အသဲအမြစ်များကြောင့် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ ရောင်းအား ကျဆင်းလျက်ရှိကြောင်း မော်လမြိုင် မောင်ငံဈေးရှိ ကြက်သား ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

ထိုင်းမှအေးခဲကြက်အသဲအမြစ်များသည် ပြည်တွင်းရှိ ဈေးနှုန်းထက် ထက်ဝက်မက လျော့နည်းကြောင်း မောင်ငံဈေး မှ ကြက်သားရောင်းသူ မဌေးဌေးမြင့်က ပြောသည်။

“ထိုင်းကဝင်တဲ့ အသဲအမြစ်က တစ်ထောင်ဖိုးဆို အများကြီးရတယ်လေ၊ အစ်မတို့ဆီကထွက်တဲ့ အသဲအမြစ်နဲ့ ဈေးက
တော်တော်ကွာတော့၊ စားတဲ့သူတွေက ဈေးနည်းတာနဲ့ များများရတာကိုပိုဝယ်ကျတာပေါ့” ဟု၎င်းင်းကဆိုသည်။

ပြည်တွင်း ကြက်အသဲအမြစ်တစ်စုံကို ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်ဖြင့် ရောင်းချနေချိန်တွင် ထိုင်းမှ ဝင်ရောက်လာသော အသဲအမြစ်မှာ တစ်ဆယ်သားကို ၂ဝဝ ကျပ်နှင့် ၄ဝဝ ကျပ်ကြား သာ ရောင်းချကြောင်း ၎င်းက ပြောသည်။

ပြင်ပနိုင်ငံမှ အေးခဲကြက်သားများ တင်သွင်းနေမှုကို အစိုးရမှတင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန်လိုအပ်ကြောင်း မွန်ပြည်နယ်မွေးမြူရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးညိုမင်းက ပြောကြားသည်။

“အစိုးရဘက်ကနေပြီးတော့ သေချာကြပ်ကြပ်မက်မက် က​လေးလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်၊ ဈေးကွက်ကိုလည်း ပို
ကောင်းအောင် ထိန်းပေးရင်ကောင်းတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းမှ အေးခဲကြက်သားများနှင့် အသဲအမြစ်များ ဝင်ရောက်လာမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူနှင့် ရောင်းချသူများ
အခက်အခဲရှိနေကြောင်း မော်လမြိုင်မြို့မှ ကြက်မွေးမြူရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးချမ်းမြေ့မောင်က ပြောသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply