Advertisements

မြဝတီ ဇန်နဝါရီ

မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးအဆင့် ရွှေ့ပြောင်းလုပ်သားများအရေး အစည်းအဝေးတွင် ဆွေးနွေးရန် အချက် ၉ ချက် ပါဝင်သည့် အကြံပြုလွှာကို တင်သွင်းထားကြောင်း ထိုင်းအခြေစိုက်၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

အကြံပြုလွှာကို ယခုလ ၁၂ ရက်တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန (မြန်မာ)သို့ ပေးပို့တင်ပြလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Advertisements
data-language="en"

“ဇန်နဝါရီလ ၁၈-၁၉ မှာ ကျင်းပ ပြုလုပ်မယ့် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးအဆင့် ရွှေ့ပြောင်း လုပ်သားများရေးရာ အစည်း အဝေးကို နေပြည်တော်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း လုပ်သားတွေနဲ့ သူတို့ရဲ့ရင်သွေးတွေ ဘယ်လို အခက်အခဲ အကြပ်အတည် း ရှိနေ လဲဆိုတာ အကြံ ပြုချက်တောင်းခံတဲ့ အချက် ၉ ချက်ပါတဲ့ အကြံ ပြု လွှာကို ပေးပို့တင် ပြထားပါတယ်” ဟု ဦးမိုးကြိုးက ဆိုသည်။

အဆိုပါ အကြံပြုလွှာတွင် ရွှေ့ပြောင်း အလုပ်သမားများ အရေ း အချိန်နှင့်တစ် ပြေးညီဖြေရှင်း နိုင်ရန်အတွက် နှစ်နိုင်ငံ အမြဲတမ်း ကော်မတီထားရှိရန်၊ မြန်မာ နိုင်ငံသားများထံမှ ကောက်ခံ ထားသော လူမှုဖူလုံရေး ရံပုံ ငွေ ကို ပြန်လည်သုံးသပ်ရန်၊ နေရပ်ပြန် ရံပုံငွေ ၁၀၀၀ ဘတ်ကို ပြန်လည် စိစစ်ပေးရန်၊ ပြန်လည် ထုတ်ပေးရန် တို့ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် မဲဆောက်အပါ အဝင်တာ့ခ်ခရိုင် ၈ မြို့နယ်အတွင်း သတ်မှတ် လုပ်အားခ ရရှိရေး ဆွေးနွေးပေးရန်၊ ယနေ့အချိန်ထိ မည်သည့်အထောက်အထားျှ မပြုလုပ်ရသေးသူများ အတွက် အထောက် အထားသစ် ပြန်လည်ထုတ်ပေးရန် ၊ မဲဆောက်-ဘန်ကောက်အတက်အဆင်း ကား လမ်းရှိစစ်ဆေးရေးဂိတ်များတွင်ပုံစံအသစ်နှင့် ငွေ ညစ်နေမှုကိုကြပ်မတ်ထိန်းကျောင်းပေးရန်လည်း အကြံပြုလွှာတွင် ဖော်ပြထားကြောင်း သိရသည်။

၎င်းနောက် ရွှေ့ပြောင်း အလုပ်သမား အထောက်အထားရှိ သော ကျောင်းဆရာနှင့် ကျန်းမာရေးမှူးများ ကိုထိုင်းဘာသာ ဖြင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရန်၊ စာရွက်စာတမ်း အတု ကိုင်ဆောင်၍ ဖမ်းမိလျှင်ကိုင်ဆောင်သူ အစား အတု ပြုလုပ်ပေးသူကို အရေး ယူနိုင်ရေး အတွက် အလေးထား ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းထားသည်။

ယင်းအပြင် အသက်၅၀ ကျော် ရွှေ့ပြောင်း လုပ်သားများကိုလည်း နေထိုင်ခွင့် အထောက်အထား ထုတ်ပေး ရေး ဆွေးနွေး ပေးရန် ကိုလည်း အကြံပြုလွှာတွင် ပါရှိကြောင်းသိရသည်။

ထိုင်း နိုင်ငံဘက်ခြမ်း မဲဆောက်အပါ အဝင် တာ့ခ် ခရိုင် ၈ မြို့နယ် အ တွင်းဝင်ရောက်လုပ်ကိုင်နေကြသော ရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်အားခ အပြည့်အဝမရရ်ှိဘဲ အလုပ်သမား အခွင့်အရေး ချိုးနှိမ်ခံနေရဆဲ ဖြစ်ကြောင်း လည်း ဦးမိုးကြိုး က ဝေဖန်ထောက်ပြသည်။

ထိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ လာရောက် လုပ်ကိုင်နေကြပြီး မြန်မာလုပ်သား အများဆုံးဖြစ်သည်။ နှစ်နိုင်ငံထုတ်ပြန်ချက်အရ မြန်မာလုပ်သား ၃ သန်းခန့် ရှိသည်ဆိုသော်လည်း ရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူအချို့ကမူ ၄ သန်းခန့် ရှိမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

ဆုလာဘ်(မြဝတီ)

Leave a Reply