မြဝတီ ၊ သြဂုတ် 

ထိုင်း နိုင်ငံဘက်သို့ သွားရောက် လုပ်ကိုင်ကြသည့် မြန်မာအပါအဝင် ရွှေ့ေ ပြာင်းလုပ်သားများအနက်  အထောက်ထားမဲ့ ၊ တရားမဝင် နှင့် အထောက်အထား မစုံလင်သူများကို  ဖမ်းဆီးရေး စီမံချက်မှာ ရက်အတန်ငယ်ကြာ ငြိမ်နေခဲ့ ရာမှ ဩဂုတ် လ (၂)ရက်နေ့တွင် ဆမွတ်ပရာကန်နှင့် တာ့ခ်ခရိုင်တွင်ပြန်လည် စတင်ခဲ့ရာ မြန်မရွှေ့ပြောင်း လုပ်သား အများအပြား ဖမ်းဆီခံခဲ့ရသည်။

ထိုင်းအစိုးရ၏ တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးစစ်ဆေးအရေးယူရေးစီမံချက်မှာ ပြီးခဲ့သည့် ဇူလိုင် ၁ရက်နေ့  ကစတင် ခဲ့ခြင်းဖြစ်ပြီး ယင်းလပထမအပတ်တွင်ပင် မြန်မာလုပ်သား အများ အပြား ဖမ်းဆီးခံခဲ့ ရကြောင်းသိရသည်။

ထို့နောက်မယ်ဆိုင်မြို့ဂူတစ်ခုထဲတွင်၁၈ရက်ကြာပိတ်မိနေခဲ့သောတောဝက်ဘောလုံးအသင်းသား၁၃ယောက်အရေးနှင့်ရက်အတန်ကြာငြိမ်သက်သွားခဲ့သော်လည်း ယခုပြန်လည် စတင်ခဲ့သည်ဟု ဆိုသည်။ 

ဘန်ကောက်မြို့အနီးရှိ ဆမွတ်ပရာကန်ခရိုင် ဘန့်ဖီးမြို့နယ်တွင် အထောက်အထားမဲ့နှင့်အထောက်အထားမစုံလင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား၆၀ခန့်၊ တာ့ခ်ခရိုင်မဲဆောက်မြို့မြို့မဈေးကြီးထဲတွင် မွန်းလွဲ၁နာရီခန့်က အလုပ်ရှင်မရှိဘဲ ဈေးရောင်းချနေသည့်မြန်မာရွှေ့ပြောင်းအလုပ်သမား၁၀ယောက်ခန့်၊ မဲဆောက်မြို့၊ မယ့်ကဆာတိုက်နယ်၊မယ်ပတိုက်နယ်၊မယ်ကုတိုက်နယ်တို့ဘက်မှ မြန်မာအလုပ်သမား၅၀ယောက်တို့ကို ဖမ်းဆီးမှုရှိခဲ့ကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာမြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်(MMNT) အထွထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောသည်။

ထို့ပြင် မဲဆောက်မြို့တောင်ဘက်၊ ဖုတ်ဖရာ့မြို့နယ်တွင်လည်း ဩဂုတ်လ၃ရက်တွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၁ ဦး အဖမ်းဆီးခံရကြောင်း သိရသည်။

“ထိုင်းလဝကဥပဒေ(ဘီအီး၂၅၂/အေဒီ၁၉၇၉)အရအထောက်အထားမဲ့ရယ်၊အထောက်အထားလွဲရယ်၊အထောက်အထားမစုံသူရယ်ကိုဘယ်လိုဘယ်ပုံအရေးယူရမလဲဆိုတာကိုဖော်ပြထားပြီးသားပါ။ထုံးစံအတိုင်းပဲအလုပ်ရှင်တစ်ယောက်မှအရေးယူခဲ့ရတာမရှိသေးဘူး။ဇူလိုင်လ၁၈ရက်နေ့က ကလေးအလုပ်သမားတွေပါ ဆိုပြီး မဲဆောက်မြို့က မြန်မာကလေးအလုပ်သမား ၁၈ယောက်လည်း ဖိစနူလုခရိုင် ပြန်လည်ပြုပြင်ရေးစခန်းမှာ ရှိနေတုန်းပဲ။ အလုပ်ရှင်ကို တရားစွဲဖို့ သက်သေခေါ်ထားတာပါတဲ့။ ဘယ်အလုပ်ရှင်မှ ထောင်ကျမခံကြပါဘူး။ ငွေပေးပြီး ရှင်းသွားတာပါပဲ။ အဲဒီငွေမတတ်နိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေချည်း ခံကြရဦးမှာပါပဲ”ဟု ဦးမိုးကြိုးက ဝေဖန်ထောက်ပြသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ များပြားလာသလို ထိုင်းအစိုးရ၏ အသစ်ပြဌာန်းလိုက်သော ဥပဒေ အသစ်ကြောင့် ဖမ်းဆီးခံရသော လုပ်သားအများအပြားလည်း ရှိနေကြောင်း ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

Written by ဆုလာဘ်(မြဝတီ) 

Leave a Reply