Advertisements

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ ၎င်း၏ မျက်ကွယ်တွင် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်သည်။

ဘတ်ငွေ ၈ ဘီလီယံအသုံးပြုကာ လုပ်ဆောင်သည့်အရန် ဆန်ဝယ်ယူရေးစီမံကိန်းကို တလွဲ စီမံသည်ဟု စွပ်စွဲခံရမှုတွင် အပြစ်ရှိသည်ဟု ထိုင်းတရားရုံးချုပ်က အမိန့်ချလိုက်ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အကြာက ရာထူးမှ နုတ်ထွက်ခဲ့ရပြီး တရားစွဲခံခဲ့ရခြင်းဖြစ်ကာ ယင်လပ်ကတော့ စွပ်စွဲမှုအား
လုံးကို ငြင်းပယ်၍ နောက်ဆုံး အမိန့်ချမည့် ရုံးချိန်မတိုင်မီ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

လူထုအမြင်မှာလည်းနှစ် ခြမ်းကွဲနေသော်လည်း ကျေး လက်နေမဲဆန္ဒရှင်များနှင့် အောက်ခြေလူတန်းစား မဲဆန္ဒရှင်များ၏ ထောက်ခံမှုရနေဆဲ ဖြစ်သည်။
ယင်လပ်အနေဖြင့် ဆန်ဝယ်ယူမှု မှားယွင်းခြင်းကို သိရှိ သော်လည်း မသိကျိုးကျွန်ပြု နေခဲ့သည်ဟု တရားရုံးချုပ် တ ရားသူကြီးများက ပြောသည်။

‘စွပ်စွဲခံရသည့် အစိုးရချင်းဆန်ဝယ်ယူရေးစာချုပ်က တရားမဝင်ဆိုသည်ကို သိုသော်လည်း တားမြစ်ခြင်း မပြုခဲ့ပေ။ ထိုလုပ်ရပ်မှာ တရားမဝင် ဆန်
စပါးဝယ်ယူရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်။

ထို့ကြောင့် စွပ်စွဲခံရသူ၏လုပ်ရပ်ကို တာဝန်လစ်ဟင်းမှုဟု ယူဆပါသည်’ ဟု တရားရုံး ၏ ကြေညာချက်တွင် ရေးသားထားသည်။ တရားရင်ဆိုင်နေ ရစဉ်ကလည်း ယင်လပ်သည် ၎င်းအနေဖြင့် စီမံကိန်း၏နေ့ စဉ် ဆောင်ရွက်နေမှုအတွက် တာဝန်မရှိကြောင်း၊ အမှန်တကယ်တွင်၎င်းင်းမှာနိုင်ငံရေးလုပ်
ကြံမှု၏ သားကောင်သာ ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

‘ဒီအမိန့်ဟာတော်တော်ကို ကြောင်တောင်တောင်နိုင်ပါတယ်။ သူ့ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ အဓိကဖြစ်တဲ့ မူဝါဒတစ်ခုအတွက် ဝန်ကြီးချုပ်
ကို တရားခံလုပ်တာပဲ။ သူကိုယ်တိုင် အဂတိလိုက်စားမှုတွေထဲ ပါတယ်ဆိုတဲ့ အထောက်အ ထားလည်း မရှိဘူး” ဟု ဘန်ကောက်တွင်ရောက်ရှိနေသော ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်က ပြောသည်။

ယခုအခါတွင် မစ္စယင်လပ်သည် ဒူဘိုင်းရှိ အစ်ကိုဖြစ်သူ သက်ဆင်နှင့် အတူရှိနေသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာလည်းအဂတိ လိုက်စားမှုကြောင့် ၂၀၀၈ ခုနှစ် က အပြစ်ပေးခံရမှုမှ ထွက်ပြေးနေသူဖြစ်သည်။

Source: BBC

Advertisements
<

Leave a Reply