Advertisements

ဘန်ကောက် မေ ၁၂

လက်ရှိ ထိုင်းနိုင်ငံမှာ တာဝန်ယူနေတဲ့ ဝန်ကြီး ၁၅ဦးဟာ ရုတ်တရက် ရာထူးမှ နုတ်ထွက်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက မေလ ၁၀ရက်ညမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘာအကြောင်းကြောင့် နုတ်ထွက်တယ်ဆိုတာကို ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ နုတ်ထွက်လိုက်တဲ့ ဝန်ကြီးတွေဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေအဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။

Advertisements
data-language="en"

ဝန်ကြီး ၁၅ဦးမှာ ဒုတိယ ဝန်ကြီးချုပ် Chatichai Choonhavan ၊ ဒုတိယဝန်ကြီးချုပ် နှင့် တရားရေးရာဝန်ကြီး ၊ ခရီးသွား နှင့် အားကစား ဝန်ကြီး ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ၊ သဘာဝ အရင်းအမြစ် နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ၊ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး ၊ ပညာရေး ဝန်ကြီး ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး နှင့် လူသား လုံခြုံရေး ဌာန ဝန်ကြီး စသည့် ဝန်ကြီးဌာန ၆ ခု မှ ဝန်ကြီး များ နဲ့ ဒုတိယ ဝန်ကြီး ၇ ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။

ဝန်ကြီး ၁၅ဦးနုတ်ထွက်သွားတာကြောင့် ဝန်ကြီးချုပ် ပရာယွတ်အပါအဝင် အဖွဲ့ဝင် ၁၇ဦးသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ဝန်ကြီးနေရာတွေအတွက် အစားထိုးခန့်အပ်ထားဖို့ အစီအစဉ် ရှိမရှိကိုတော့ ဝန်ကြီးချုပ်ရုံးက ယနေ့တိုင် အတည်ပြုခြင်းမရှိသေးပါဘူး။

ထိုင်းနိုင်ငံကို ၂၀၁၄ခုနှစ်က စစ်တပ်မှ အာဏာသိမ်းခဲ့ပြီး ယခင်က ကြည်းတပ် တပ်မှူး ပရာယွတ်က ဦးဆောင်က ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

မကြာသေးခင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာရဲ့ ပါတီကို အနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူနေတာပဲဖြစ်ပါတယ်။

Ref: Bangkok Post

Leave a Reply