ထိုင်းအသင်းဟာ လက်ရှိအချိန်မှာ ၂၀၁၉ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာတင် အိန္ဒိယအသင်းကို ၁ – ၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ယမန်နှစ် ၂၀၁၇ ကတည်းက နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရာဂျီဗက်ကို ရာထူးက ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
နည်းပြ ရာဂျီဗက်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ သူ ကိုင်တွယ်ခဲ့တဲ့ ဂါနာအသင်း ကွာတားဖိုင်နယ်အထိ အခြေလှခဲ့တာကြောင့် ကျော်ကြားလာခဲ့ပါတယ်။ အဲဒီနောက်မှာ ထိုင်းအသင်း နည်းပြအဖြစ်၂၀၂၀ အထိ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခု အာရှဖလားအုပ်စုဖွင့်ပွဲမှာတော့ အင်အားအနည်းဆုံးအသင်း အိန္ဒိယကို ရှုံးနိမ့်ခဲ့တာကြောင့် ထိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ခုလို ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းအသင်းရဲ့ ယာယီနည်းပြအဖြစ် ဆီရီဆတ်ယော့ယာထိုင်းကို အခုပြိုင်ပွဲအပြီးအထိ ခန့်အပ်ထားပါတယ်။
Audrey Chann