Advertisements

ဘန်ကောက် ဇန်နဝါရီ

ထိုင်းနိုင်ငံတွင် လာမည့် မတ်လ ၂၄ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်း လှုပ်ရှားမှုများ စတင်ရန် ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၂၆ရက်တွင် ခွင့်ပြုသည်။

လာမည့် ရွေးကောက်ပွဲသည် စစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် တွန်းပို့ပေးမည့် အရေးပါသော အဆင့်တစ်ခု ဖြစ်သည်။

Advertisements
data-language="en"

ထိုင်း နိုင်ငံရေးပါတီများက ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများနှင့် နိုင်ငံရေးအခင်းအကျင်းများကို မီဒီယာသို့ ပြောကြားခဲ့ကြောင်း သိရသည်။

တပ်ကို ထောက်ခံသည့် ပါလန်းပရာချရတ်ပါတီ ခေါင်းဆောင် ဆာဗာနာရာနာက ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ဝင်ရန် အဆင်သင့်ဖြစ်ကြောင်း၊ ပါတီဝင်ဟောင်းများသည် အတွေ့အကြုံရင့်ကျက်မှုရှိပြီး ပါတီဝင်သစ်များသည် စိတ်အား ထက်သန်မှုနှင့် စိတ်ကူးဉာဏ် ကောင်းမွန်ကြသည်ဟု မီဒီယာသို့ ပြောသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအပေါ် ထောက်ခံ အားပေးသည့် ဖူးထိုင်းပါတီ ခေါင်းဆောင် ဗီရိုဂ်ျပါအိုအင်းက လာမည့် ရွေးကောက်ပွဲသည် နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းထက် တဖန် ပို့ဆောင်ပေးမည့် ပေါင်းကူး တံတားတစ်ခု ဖြစ်သည့်အတွက် ဆန္ဒမဲ မပျက်မကွက် ထည့်ကြရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် ဖူးထိုင်းပါတီခေါင်းဆောင်က လက်ရှိအစိုးရအဖွဲ့တွင် နေရာယူထားဆဲ ဝန်ကြီး လေးဦး ပါဝင်သည့် တပ်မတော်ထောက်ခံသော ပါတီတစ်ရပ်ကို ထူထောင် ယှဉ်ပြိုင်ခွင့်ပြုခြင်းအပေါ် ဝေဖန်ရှုတ်ချခဲ့သည်။

ထိုင်း စစ်တပ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် အစိုးရအဖွဲ့ကို ထိန်းချုပ်ခဲ့သည်။ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ကျင်းပကာ ပြည်သူ ရွေးချယ်သည့် အရပ်သား အစိုးရအဖွဲ့လက်သို့ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲရက်ကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ အနေဖြင့် ယခု ရွေးကောက်ပွဲတွင် တပ်နောက်ခံပါတီ တစ်ခုခုမှ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

Bangkok Post

Leave a Reply