ထောက်ခံမှုကို တန်ဖိုးမချနှင့်

သမ္မတဦးဝင်းမြင့်အား ကြိုဆိုကြောင်း ထောက်ခံ ပွဲကိုတိုင်း၊ ခရိုင်၊ မြို့နယ်အစိုးရဝန်ထမ်းအားလုံးမပျက်မကွက် မပျက်မကွက်) တက်ရောက်ရသည်။ တနင်္သာရီတိုင်းတွင် ဖြစ်၏။

ယင်းသို့ စီစဉ်ခြင်းမျိုးကို စစ်အစိုးရခေတ်တစ် လျှောက် လူထုအော့နှလုံးနာခဲ့ကြောင်း မမေ့အပ်။ “ပြောင်းလဲ ချိန်တန်ပြီ”ဟု ကြွေးကြော်ထားသည့် အစိုးရလက်ထက်တွင် ပို၍ပင် မအပ်စပ်ပါ။

ကျမ်းသစ္စာကျိန်ဆိုစဉ် “ပြည်သူမြင်တွေ့ချင်သည့် အပြောင်းအလဲကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်အောင် မမှိတ် မသုန်ကြိုးပမ်းမည်ဟု အလေးအနက်ကတိပြုကြောင်း” ပြော ထားသည့် သမ္မတကြီး၏ ရပ်တည်ချက်နှင့်လည်း ဖြောင့် ဖြောင့်ကြီးပင်ဆန့်ကျင်နေပါကြောင်း ထောက်ပြလို၏။

တိုင်းပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို NLD လက်အပ်ရန် ၁၉၉၀ ကတည်းက တောက်လျှောက် ဆန္ဒပြုထားသည့် ပြည်သူ့ထောက်ခံမှုတန်ဖိုးကို သေးသိမ် အောင်လုပ်လိုက်သကဲ့သို့ပင်။

ထောက်ခံမှု အစစ်၏ အနှစ်၊ အရသာကို နှစ်ပေါင်း နှစ်ဆယ်ကျော် ရရှိခံစားထားနိုင်သူတို့ လက်ထက်၊ ဖော် ဆောင်နေပါသည်ဆိုသော ဒီမိုကရေစီနှင့်လည်း ဆန့်ကျင် ဘက်အသွင်သာဖြစ်၏။ ယင်းကို “ပြည်သူနှင့် အတူ” ဟူသော မူဝါဒအား ကိုယ်တိုင်ပျက်ရယ်ပြုသကဲ့သို့ ဖြစ်စေသည့် စီစဉ်မှုအဖြစ် ဟင်္သာက မှတ်သားထားလို၏။

Written by အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်