မော်လမြိုင်ရှိအကျဉ်းထောင်ထဲတွင် ဇူလိုင်လ ၈ ရက်နေ့ကအကျဉ်းသားအဆောင်ကိုရှာဖွေရေးပြုလုပ်ခဲ့ရာထောင်ဒဏ်တစ်သက် ကျခံနေရသောအကျဉ်းသားဦးကျော်ဦးထံမှ တားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းများတွေ့ရှိသဖြင့် မော်လမြိုင် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားရှိကြောင်းမော်လမြိုင်အကျဉ်းဦးစီးဌာနမှ သိရသည်။

jail.

ယင်းအကျဉ်းထောင်မှ ဒုတိယကြီးကြပ်ရေးမှူး ဦးဌေးမောင်မောင် ဦးဆောင်သောအဖွဲ့သည် အဆိုပါနေ့ နံနက် ၆ နာရီကျော်ကတိုက်အမှတ် (၃)၊ အခန်းအမှတ် (၁၆) အကျဉ်းသားအဆောင်ကိုရှာဖွေရေးပြုလုပ်ခဲ့ရာတွင် အကျဉ်းသားဦးကျော်ဦးအခန်းထဲမှ အကျဉ်းထောင် နည်းဥပဒေအပိ်ုဒ် (၃၇၃) အရတားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းဖြစ်သောဆင်းကဒ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ နားကြပ်ကြိုးတစ်ချောင်းနှင့် ငွေစက္ကူ ၅၀ဝ၀ ကျပ်တို့ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းအကျဉ်းဦးစီးမှတ်တမ်းအရ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မောင်မောင်ကပြောပြသည်။

ထိုအကျဉ်းသားမှာလွန်ခဲ့သောငါးနှစ်ကျော်ကရေးမြို့၊ မြို့ဟောင်းကုန်းရပ်၊ အစင်ကျေးရွာနေဦအောင်အောင်၏ မော်တော်ဆိုင်ကယ်ကိုလုယူခဲ့ပြီးလူသတ်ခဲ့သဖြင့် ထောင်ဒဏ်တစ်သက် အမိန့်ချခံရသူဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့တားမြစ် ပိတ်ပင်ထားသောပစ္စည်းများကိုလက်ဝယ်တွေ့ရှိသည့် အကျဉ်းသားဦးကျော်ဦးကိုဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့မရဲစခန်း၌ (ပ) ၃၉၆/၂၀၁၆ အရအကျဉ်းထောင်အက် ဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းဒုတိယရဲမှူး မောင်မောင်ထံမှ သိရသည်။

မော်လမြိုင်အကျဉ်းထောင်ထဲရှိအကျဉ်းသားများထံမှ တားမြစ်ပစ္စည်းများတွေ့ရှိ၍ အရေးယူမှု ပြုလုပ်ခဲ့သည်မှာယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

Leave a Reply