ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးများကိုသက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ထားရှိစေခြင်းမှာယခင်အစိုးရလက်ထက်ကတည်းက ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးရဲနိုင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

state goverment

“ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီးသားပါ၊ အစိုးရသစ် တက်တော့မှ ဒီလိုဖြစ်တာမဟုတ်ပါဘူး၊ အရင်ကတည်းက အုပ်ချုပ်ရေးမှူးရုံးတွေ အပါအဝင် ရဲ၊ မီးသတ်တပ်ဖွဲ့ စတဲ့အဖွဲ့တွေကတိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရတာပါ။”ဟု ၎င်းကပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ် ဆေးရေးတပ်ဖွဲ့များကို ပြည်ထဲရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့လက်အောက်သို့ပြောင်းရွှေ့ရန် ဖော်ပြထားသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် တစ်စောင် မှာလူမှုကွန်ရက်စာမျက်နှာများတွင် ပြန်နှံ့ခဲ့သည်။

“သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ကသူတို့ဘာသာသူတို့ သိအောင် စာထုတ်ထားတာ ဖြစ်နိုင်ပါ တယ်၊ ကျွန်တော်တို့ဆီကိုမိတ္တူမရောက်တဲ့ အတွက်စာနဲ့ ပတ်သက်ပြီးတော့ မသိပါဘူး” ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးရဲနိုင်ကဆက်လက်ပြောကြားသည်။

သို့သော်လည်းရှမ်းပြည်နယ် စီမံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဦးစိုးညွန့်လွင်ကမူယင်းညွှန်ကြားချက်မှာရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရောက်ရှိထားပြီးသက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကိုလုပ်ပိုင်ခွင့်တိုးမြှင့် ပေးလိုက်သည်ဟုယူဆကြောင်းတုံ့ပြန်ပြောဆိုသည်။

“အဲဒီဌာနတွေ အကုန်လုံးကိုသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနလက်အောက်မှာထားရှိစေမှာပါ၊ ဘယ်ဌာနက ဘယ်ဝန်ကြီးဌာနရဲ့ လက်အောက်ကိုရောက်မလဲဆိုတာကတော့ ဝန်ကြီးချုပ်ရဲ့ ဆုံး ဖြတ်ချက်ကိုမသိရသေးပါဘူး။ ” ဟု၎င်းကဆိုသည်။

အဆိုပါ ပြောင်းရွှေ့လိုက်ကြောင်းသတင်းများထွက်ပေါ်နေသည့် ဌာနလေးခုမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဝန်ကြီးခန့်အပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသည်။

Leave a Reply