Advertisements

ကယ်လီဖိုးနီးယား ဖေဖော်ဝါရီ ၇

Netflix အပါအဝင် အွန်လိုင်းရုပ်သံလိုင်းတစ်ချို့ဟာ ဝေါ့ဒစ္စနေးအစရှိတဲ့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတချို့နဲ့ သဘောတူညီချက် ရယူထားပြီး ဒီကုမ္ပဏီတွေကထုတ်တဲ့ ရုပ်ရှင်တွေကို အခကြေးငွေ ယူ ပြသနေတာဖြစ်ပါတယ်။

ဒီလိုပြသမှုတွေကြောင့် ဝေါ့ဒစ္စနေးကုမ္ပဏီဟာ တစ်နှစ်တာအတွင်းဝင်ငွေ သန်းပေါင်း ၁၅၀အထိ ဆုံးရှုံးဖွယ်ရှိနေပါတယ်။ ၂၀၁၈ နှစ်ကုန်စာရင်းအရ ရုပ်သံကြည့်ရှုသူတွေဟာ Netflix မှာ ကြည့်ရှုနှှုန်းပိုများလာ ပြီး ဝင်ငွေတက်လာပေမဲ့ ဒစ္စနေးကုမ္ပဏီအတွက်တော့ သဘောတူညီချက်အတွက်ရရှိတဲ့ ငွေတစ်ချို့အပြင် ရုပ်ရှင်ရုံနဲ့ တိုက်ရိုက်ဝယ်ယူသူ နည်းသွားတာကြောင့် ဝင်ငွေနည်းလာပါတယ်။

Advertisements
data-language="en"

အထူးသဖြင့် Star Wars နဲ့ Marvel, Disneyတို့ရဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၃၀၀၀အထိ ဝင်ဖို့ကိုလျော့ပါးသွားခဲ့ရတယ်လို့သိရပါတယ်။ ရုပ်သံကြည့်ရှုသူ တွေကလည်း Netflix ကပြသတဲ့ဈေးနှုန်းဟာ အပြင်မှာတိုက်ရိုက်ဝယ်ယူတာထက် များစွာအဆင်ပြေပြီး သက်သာနေတာကြောင့် မူလကုမ္ပဏီဘက်ကို စိတ်ဝင်စားမှု လျော့ပါးလာကြပါတယ်။

လတ်တလောမှာ ဒစ္စနေးကုမ္ပဏီဟာ Netflix နဲ့ Huluတို့နဲ့ သဘောတူညီချက်ယူပြီး စာချုပ်ချုပ်ထားပါတယ်။ အထူးသဖြင့် ဒစ္စနေးကုမ္ပဏီဘက်ကပြတဲ့ ရုပ်ရှင်ကားတွေရဲ့ ၆၀ရာခိုင်နှုန်းဟာ Netflix မှာ နံပါတ်တစ်အကြည့် အများဆုံးနေရာကိုပြေးနေပါတယ်။

ဒစ္စနေးဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ Captain Marvel ထွက်လာပြီးတဲ့အခါ သဘောတူညီမှုကို နောက်တစ်ကြိမ် ပြန်လည်ညှိနှိုင်းဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

လက်ရှိ ကုမ္ပဏီဘက်က ဝင်ငွေတွေဟာ တစ်ဖက်ကို သိသိသာသာကြီး ရောက်သွားနေတာဟာ ကုမ္ပဏီရဲ့ ရေရှည်ရပ်တည်မှုကို ထိခိုက်လာနိုင်မယ်လို့ သူကပြောပါတယ်။

သဘောတူညီချက်လိုင်စင်ဟာ ဒီလာမဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ ကုန်မှာဖြစ်ပါတယ်။ ဒစ္စနေအနေနဲက ဝင်ငွေကို မြှင့်တင်ဖို့ Netflix လို ကိုယ်ပိုင် ရုပ်သံပလက်ဖောင်းကို တည်ထောင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ သိပ်မကြာခင်မှာ Star Wars ဇာတ်လမ်းအသစ်ဖြစ်တဲ့ The Mandalorian နဲ့ Star Wars: The Clone Warsတို့ကိုလည်း ရိုက်ကူးထုတ်လုပ်သွားမယ်လို့ ကြေညာထားပါသေးတယ်။

CNN

Leave a Reply