သထုံ မေ

မွန်ပြည်နယ် သထုံမြို.တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသမည့်သထုံမြို.၏ တစ်ခုတည်းသော အဆင့်မြင့်ရုပ်ရှင်ရုံဖြစ်သည့် Paradiseo Cinema (Thaton)အား ယခုလအတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်၊၊

အဆိုပါရုပ်ရှင်ရုံကို သထုံမြို့မြကျွန်းသာပန်းခြံအတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး အလျား ၇၅ ပေ အနံ ၅၀ပေ ကျယ်ဝန်း၍ တစ်ထပ်အဆောက်အဦဖြစ်ကာ ပွဲချိန်တစ်ခုလျှင်ရုပ်ရှင်ကြည့် ပရိသတ် ၃၀၀ဦးခန့်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

“ပြသမှာက ဒစ်ဂျစ်တယ်စနစ်နဲ့ပါ ခုံတွေကတော.ခေတ်မီရုပ်ရှင်ရုံတွေပုံစံအတိုင်းပဲ ကူရှင်နဲ့ခေါက်ခုံတွေဖြစ်ပါတယ် ရုံဝင်လက်မှတ်ကတော့ဈေးနှုန်းအတိအကျမသတ်မှတ်ရသေးပါဘူး ဖွင့်ဖို့လျာထားတာကတော့ ၆လပိုင်းထဲမှာပါ ဒါပေမယ့်ဖွင့်မယ့်ရက်ကိုအတိအကျမသတ်မှတ်ရသေးပါဘူး သထုံမှာလည်းရုပ်ရှင်ရုံက မရှိတာကြာပြီ
ကိုယ့်ဒေသကလူတွေကို ရုပ်ရှင်ပြသပြီး ဖျော်ဖြေမှုလေးတစ်ခုပေးနိုင်အောင်လို့ အခုလို ရုပ်ရှင်ရုံကိုဖွင်လှစ်ပြသဖို့စီစဉ်ရတာပါ“ ဟု ယင်းရုပ်ရှင်ရုံမှ လက်ထောက်မန်နေဂျာ ကိုကောင်းခန့်ကိုကပြောသည်၊၊

အဆိုပါ ရုပ်ရှင်ရုံ၌ ရန်ကုန်မြို့တွင်လတ်တလောရုံတင်ပြသနေသည့် ဇာတ်ကားသစ်များ ပြသပေးသွားမည်ဖြစ်ပြီး နေ့စဉ် တစ်နေ့သုံးပွဲ၌ ရုံးပိတ်ရက်များတွင် လေးပွဲ ပြသသွားမည်ဖြစ်ကြောင်းသိရသည်၊၊

“သထုံက ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ရုံတစ်ရုံပေါ်လာမယ့်အချိန်ကို မျှော်လင့်စောင့်စားနေခဲ့ကြတာ ကြာပြီပေါ့ အခုသထုံမှာအဆင့်မြင့်ရုပ်ရှင်ရုံတစ်ရုံ ပေါ်လာတော့မယ်ဆိုတော့ သထုံသားတစ်ယောက်အနေနဲ.ဝမ်းသာတာပေါ့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရတဲ့အရသာကိုပြန်ရတော့မယ်လေ“ဟု သထုံမြို့ခံဒေါ်မြင့်မော်ကပြောသည်၊၊

သထုံတွင် ကြယ်တရာရုပ်ရှင်ရုံနှင့် မြိုင်ရုပ်ရှင်ရုံဟူ၍ ရုပ်ရှင်ရုံနှစ်ရုံရှိခဲ့ပြီး အပေါ်ရုပ်ရှင်ရုံနှင့် အောက်ရုပ်ရှင်ရုံဟု ခေါ်ကြကြောင်း၊ ယခုအဆိုပါရုံနှစ်ရုံလုံးမှာ မရှိတော့ကြောင်း ယင်းက ပြောသည်။ေ

ရွှေထုံမြေ

Leave a Reply