ဒဏ်ရာရပေမယ့် မက်ဆီတို့ကတော့ ပျော်ပျော်ပဲ

ဘာစီလိုနာထိပ်တန်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ လက်မောင်းဒဏ်ရာရရှိခဲ့ပေမယ့် လက်မောင်း ဒဏ်ရာနဲ့လမ်းသလားနေတဲ့ ဓာတ်ပုံတွေဟာ မီဒီယာစာမျက်နှာတွေထက် ပေါ်ထွက်လာခဲ့ကြောင်း သတင်းများကတစ်ဆင့် သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဘာစီလိုနာက ဆီဗီလာကို ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်မှာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အဆိုပါလက်မောင်းဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာဟာပြင်းထန်တဲ့အတွက် ဒမ်ဘီလီနဲ့လူစားထိုးလဲ လှယ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အသင်းရဲ့တာဝန်ရှိသူတွေက မက်ဆီဟာ လက်မောင်းရိုးအက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး မက်ဆီအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် ရက်သတ္တပတ်သုံးပတ်ခန့်အထိ အနားယူရမှာဖြစ်ကြောင်း ထပ်မံပြော ဆိုခဲ့ပါတယ်။

မက်ဆီဒဏ်ရာရခဲ့တာကြောင့် လာမည့်တစ်ပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် အယ်ကလက်စီကိုဒါဘီပြိုင်ပွဲအတွက် ဘာစီလိုနာက စိုးရိမ်သောကရောက်နေပေမယ့် လက်မောင်းဒဏ်ရာကြောင့် အနားရကာ လည်ပင်းမှာသိုင်းကြိုး ချည်ပြီး မက်ဆီက ဇနီးဖြစ်သူ အန်တိုနီလာ၊ အသင်းဖော် ဆွာရက်ဇ်၊ ကော်တင်ဟိုတို့နဲ့အတူ ပျော်ရွှင်စွာ ဈေး ဝယ်ထွက်ကာ လမ်းသလားနေတယ်လို့ စပိန်မီဒီယာတွေက ဝေဖန်ထိုးနှက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကလည်း မက်ဆီဟာ ရိုနယ်ဒိုနဲ့အတူ ဖီဖာကြီးမှူးကျင်းပတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပေးပွဲ အခမ်းအနားကို မတက်ရောက်ခဲ့တဲ့အတွက် မီဒီယာစာမျက်နှာထက် ဆူညံသံများထွက် ပေါ်ခဲ့ပြီး ဝါရင့်နည်းပြကြီး ကာပယ်လိုက ဘောလုံးလောကအပေါ်လေးစားမှုမရှိတဲ့သူတွေအဖြစ် ပြင်းပြင်း ထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ပရိသတ်တွေအတွက်တော့ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုရှင်နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒို မပါတဲ့ မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့အယ်ကလက်စီကိုဒါဘီပြိုင်ပွဲကို၂၀၀၇ ခုနှစ် နောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

BK

Ref: Daily Mail

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.