မော်လမြိုင်မြို့ရှိ ဒိုင်ဝန်းကွင်းဈေးအသစ်

မော်လမြိုင်၊ မေ ၃၀

မော်လမြိုင်မြို့ရှိ ဒိုင်ဝန်းကွင်းဈေးအသစ်ကို ဇွန်လ ပထမပတ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ဈေးဆိုင်ခန်းတွေအကုန်လုံး သူ့နေရာနဲ့ ပြန်ပေးထားတယ်။ ပျံကျတွေအတွက်တော့ မလုပ်ရသေးဘူး” ဟု ဝန်ကြီးက ပြောသည်။

ယင်းဒိုင်ဝန်းဈေးအသစ်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာငွေ ၁ ဒသမ ၈ ဘီလီယံဖြင့် တင်ဒါခေါ်ယူခဲ့ပြီး မွန်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းအသင်း တစ်ခုသာ လာရောက်တင်ဒါလျှောက်ထားသဖြင့် ၎င်းအား ဆောက်လုပ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထိုအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် မော်လမြိုင်မြို့ပေါ်ရှိ မြိုင်သာယာဈေးကိုလည်း ယခုလာမည့် ဇွန်လ ပထမမှ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောဆိုသည်။

အဆိုပါ ဈေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဆောက်လုပ်မှုပြီးစီးခဲ့ကြောင်း မွန်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ခေတ်မင်း

Leave a Reply