မော်လမြိုင်၊ ဇူလိုင်

ဒိုင်းဝန်ကွင်းဈေး ပြန်လည်တည်ဆောက်ထားပြီးဖြစ်သော်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် ယာယီဖွင့်လှစ်ထားသောဈေးတွင် ရောင်းချနေသည့်ဈေးသည်များအနေနှင့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း    အဆိုပါ ယာယီဈေးတွင် ရောင်းချနေသော ဈေးသည်များထံမှ သိရှိရသည်။

မိုးရာသီ ဖြစ်သောကြောင့် အဆိုပါ ယာယီဈေးတွင် ဈေးရောင်းချရာတွင်အခက်အခဲများရှိနေကြောင်း ဈေးသူ/ဈေးသားများထံမှ သိရှိရသည်။

“စျေးမဖွင့်သေးတဲ့အတွက်စျေးသူစျေးသားတွေလည်း ဒုက္ခရောက်တယ်။လောလောဆယ်တော့စျေးမရောင်းရဘူး။ မိုးရွာနေတဲ့အတွက်လည်း အခက်အခဲရှိတယ် ။ ဆိုင်ခန်းပြန်မရတာမျိုးလည်းမဖြစ်ချင်ဘူး၊ ဆိုင်ခန်းပိုင်ရှင်တွေကို ဆိုင်ခန်းပြန်ရစေချင်တယ်။သူတို့ပထမတုန်းကတော့ စာရင်းလိုက်ကောက်တယ်။ စျေးမရောင်းတဲ့သူတွေ ကို ဆိုင်ခန်းမပေးဘူး“ ဟု စျေးဆောက်လုပ်မှု လုပ်ငန်းများ ကြောင့် ဆိုင်ပိတ်ထားရသည့် ပျံကျစျေးသည်တစ်ဦးက ဆိုသည်။

အဆိုပါဒိုင်းဝန်ကွင်းဈေးကို ဆိုင်ခန်း ၁၉၅ ခန်းနှင့် ပျံကျဆိုင်ခန်း ၂၀၄ ခန်းဖြင့် ဆောက်လုပ်ထားပြီး ပျံကျဈေ ဆောက်လုပ်မှုလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မော်လမြိုင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားရေးမှူးဦးမြင့်သိန်းက ပြောကြားသည်။

အဆိုပါ ပျံကျဈေးတည်ဆောက်မှုလုပ်ငန်းအားလုံးပြီးစီးပါက ဈေးဖွင့်လှစ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

စိုင်းထွန်းစံ၊လဲ့လဲ့ဝင်း

Leave a Reply